Showing posts with label ကျွန်တော့ရဲ့ ခရီး. Show all posts
Showing posts with label ကျွန်တော့ရဲ့ ခရီး. Show all posts

Sunday, November 15, 2009

လာဘ်ပေးလာဘ်ယူတို့ ရန်သူ

ရှေးသရောအခါ ဘုရင်တစ်ပါးသည် အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူကြီးစွာ
ပေးလိုသည့်အတွက် မင်းများကိုဖိတ်ကြား၏။ စားပွဲ သဘင်တည်ခင်းကြွေးမွေးရန်ဟင်းအမျိုးမျိုးကို
စီမံခန့် ခွဲ ၏။ ဟင်းလျှာ
အမျိုးမျိုးရရှိသောလည်း ထိုနေ့ တွင် မိုးသက်လေပြင်းကျရောက်သောကြောင့် တံငါသည်များ ငါးမရနိုင် ငါးဟင်း
တမည်လိုနေ၏။
ငါးဟင်းလိုသဖြင့် စိတ်မသာမယာရှိနေစဉ် ခပ်လှမ်းလှမ်းမှ ငါးကိုထမ်းပြီးဝင်လာသောတံငါသည်တစ်ယောက်ကို
ဘုရင်သည်မြင်တော်မူ၏ ။ ဘုရင်လည်း ဝမ်းမြောက်တော်မူသဖြင့် မင်းချင်းတစ်ယောက်ကို စေပြီး တံငါသည်ကို
ရှေ့ တော်သို့ အမြန်ဝင်စေ၏ ။ ရှေ့ တော်၌ တံငါသည်ခစားမိသောအခါ ဘုရင်က အချင်းတံငါသည် တော်ပေစွ ။
ငါ၏စားပွဲတော်၌အမဲမျိုးစုံပါလျှက်တစ်မည်လိုနေသည်။ ငါ့အလိုကိုဖြည့်သောသင်သည် ငါးအဖိုး ကို လိုသလောက်
တောင်းလော့ဟု မိန်တော်မူ၏ ။ တံငါသည်လည်း အရှင်မင်းကြီး ကျွန်တော်မျိုးသည် ဤငါးဖိုးအဖြစ် ရွှေငွေဥစ္စာ
ကျေးရွာတို့ ကိုမလိုပါ ။ ကျွန်တော်မျိုး၏ ကျောပြင်ကို ကြိမ်ဒါဏ်အချက်ငါးဆယ်သာ ပေးတော်မူပါဟု ရဲ့ ဝံစွာ လျှောက်ထား၏ ။ ဘုရင်လည်း အချင်းတံငါသည် ပြင်၍တင်လျှောက်ဦးလော့ဟုမိန့် တော်မူ၏ ။ တံငါသည်လည်း သုံးကြိမ်စေ့အောင် တင်လျှောက်သဖြင့် ဘုရင်သည်များစွာအံ့သြလျှက်တံငါသည်အား ကြိမ်ဒါဏ်အချက်ငါးဆယ် ကိုညင်သာစွာရိုက်၍ ငါးဖိုးပေးစေဟု အမိန်ချတော်မူ၏ ။ မင်းချင်းတို့ လည်း မကြုံစဖူး ဤလူထူးကို ရူးသည်ဟု ဆိုရမည်လည်း အခက် ငါးဖိုး အတွက်ကြိဒဏ်အချက်ငါးဆယ်ကို တောင်းသဖြင့် လူကောင်းဟုလည်းမဆိုသာဟု အချင်းချင်းပြောဆိုရယ်မောကြလျှက်တံငါသည်ကိုညင်သာစွာရိုက်ကြလေ၏ ။ နှစ်ဆယ်ငါးချက်ပြည့်သောအခါ တံငါသည်က ရပ်ပါဦး ရပ်ပါဦး ။ ကျွန်တော်၌ ကုန်ဖက်တစ်ယောက်ရှိပါသေးသည် ။ ငါးဖိုး၏တစ်ဝက်ကို ကျွန် တော်၏ကုန်ဖက်လည်းဆိုင်သောကြောင့် ကြွင်းသော အချက်အစိတ်ကို ထိုသူအားပေးပါလော့ဟုဆို၏ ။
ထိုစကားကိုကြားလျှင် မင်းချင်းတို့ လည်းမဖွယ်မရာ ဤကမ္ဘာ၌ သင်ကဲ့သို့ မိုက်သောသူကာ တစ်ယောက်သာရှိ လိမ့်မည်ဟု အံသြရယ်မော့ကြလျှက် ထိုအကြောင်းကို မင်းကြီးအားတင်လျှောက်ကြလေ၏ ။
မင်းကြီးလည်း အချင်းတံငါသည် သင့်မှာကုန်ဖက်ပင် ရှိချေသေးသည်တကား။ သင်၏ကုန်ဖက်ကား အသူနည်း ။ ဘယ်ကဲ့သို့ ဖက်စပ်ခဲ့ကြသနည်း ။ မခြွင်းမချန် ငါ့အားတင်လျှောက်လော့ဟုမိန်ဆို၏ ။ ထိုအခါတံငါသည်က အရှင်မင်းကြီး အရှင်မင်း ကြီးရဲ့ စားပွဲတော်၌အမဲမျိုးစုံပါလျှက်ငါးတစ်မည်လိုနေသဖြင့်ထိုးငါးကိုကိုယ်တိုင်ဝင် ရောက်ဆက်သလိုသောကြောင့်တံခါးမူးထံ အကြိမ်ကြိမ်အခွင်တောင်းရာ တံခါးမူးက ကျွန်တော်မျိုးသည် ငါးဖိုး အတွက်ခုလာဘ်များစွာရမည်ဖြစ်၍ ငါးဖိုး၏ထက်ဝက်ကိုသူ့ အားပေးမည်ဟုကတိထားမှခွင့်ပြုမည်ဆို၍ ကျွန် တော်မျိုးကတိထားခဲ့ပါသည် ။ ထို့ ကြောင့်ကြွင်းသောကြိမ်ဒဏ်အစိတ်ကို အမြန်ခွဲဝေပေးသနားတော်မူပါဟု တင်လျှောက်လေ၏ ။ ထိုသို့ တံငါသည်က အကြောင်းအရာအလုံးစုံကို အကုန်အစင်း တင်လျှောက်သောအခါ မှတံငါသည်၏အကြံဥာဏ်စိတ်ကူးကို မင်းမူးမတ်ပရိတ်သတ်တို့ သိကြသဖြင့်တံငါသည်ကိုများစွာ အံ့သြချီးမွမ်း ကြလေလေ၏ ။ ထိုအခါ မင်းကြီးက အချင်းတို့ တံငါသည်လူထူး၏ ကုန်ဖက်ငါ၏တံငါးမှူးအား ငါးဖိုး ၏ထက်ဝက် ဖြစ်သောပြင်းထန်သည့်ကြိမ်ဒဏ်အချက်အစိတ်ကိုပေးကြပြီးနောက်ရာထူးမှချလေဟုအမိန်တော်မှတ်၏ ။ ဤတံငါသည်ကား ငါ၏တံငါးမှူးလာဘ်စားသည်ကိုရွေနားတော်ပေါက်ကြားအောင် ကြံဖန်လျှက်ရဲ ရင့်စွာ တင် လျှောက်ဝံ့ပေသည်။ မင်းမူ့ ထမ်းစေရသော်ကောင်၏ဟု ကြံ၍တံငါသည်ကိုထိုသူ၏နေရာ၌တံခါးမူးအဖြစ်ခန့်  တော်မူလေ၏ ။ စတုတ္ထတန်းစာအုပ်မှပြန်လည်ဖော်ပြသည်

Sunday, June 15, 2008

ဒုတိယပိုင်း

အဲ့ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေကို လိုက်နုတ်ဆက်ရတော့တာပေါ့ တစ်အိမ်ဝင်တစ်အိမ်
ထွက်နဲ့ လိုက်နုတ်ဆက်လိုက်တာ လူစုံသလောက်တော့ရှိသွားတယ် နောက်ဆုံး တစ်ယောက်ကျ
န်တာကတော့ ကျွန်တော်တစ်ဖက်သက်ချစ်နေရတဲ့ “နန်း” ပါပဲ သူကိုတော့နောက်ဆုံးဘိတ်အိတ်
နဲ့ လွယ်ဆိုသလိုမျိုး တစ်ဝကြီးနုတ်ဆက်ရအောင် ချီတတ်ပါလေတော့တယ်~~~~~~~~~~~

“ဟေ့ နန်း ဘာတွေလုပ်နေလဲ ထ္မင်းစားပြီးပြီလား”
စားပြီးပြီပေါ့ဟနင်မေးတဲ့ အချိန်ကိုလဲ ပြန်ကြည့်အုံး ည ၇ နာရီထိုးနေပြီဘာအရူးထပြီးအခုမှလာ


ပြီးမေးနေရတာလဲ

“ဟာ နင်ကလဲ ငါလဲ နင့်ကိုတွေချင်ဇောနဲ့  အချိန်မကြည့်ပဲ မေးလိုက်မိတာပါဟာ”

“အေးပါ ကျော်လင်းရယ် ငါကလဲ နင့်ကို တမင်သက်သက်နောက်လိုက်တာပါ”

ဒါနဲ့ နင့်ကို ငါပြောစရာရှိလို့ လာခဲ့တာ “နန်း” ရဲ့ 

“ဟ” အထူးအစန်းပါလား မသာကောင်ရဲ့  ဘာများတုံးလုပ်ပါအုံး
ဒီလိုပါဟာ ငါနင့်ကို လာနုတ်ဆက်တာက မနက်ဖန် ငါသင်တန်းသွားရတော့မယ်အဲ့ဒါကြောင့်ပါ

“ဘာသင်တန်းတုံးဟ” နွားကျောင်းသင်တန်းလား
“မနောက်ပါနဲ့  “နန်း” ရယ်ငါအတည်ပြောနေတာမနက်ဖန်သွားရတော့မယ်သင်တန်းကစက်မောင်း
စက်ပြင်ဟ”

ပိုက်ဆံ တစ်သောင်းခွဲလဲရမှာဟ ငါ့အမေလဲ သဘောတူတယ်ဟ “နင်ကော သဘောတူလားဟင်”
“ဟဲ့ မသာကောင်ရဲ့  ငါကနင်ကို ဘာလို့ သဘောမတူရမှာလဲ နင့်အလုပ်နင်လုပ်မဲ့ဟာကို”

“မဟုတ်သေးဘူးလေ “နန်း”ရယ် နည်းနည်းပါးပါးများ စိတ်ပူပြီးတားမလားလို့ ပေါ့ဟ”
သူငယ်ချင်း အ ချင်းချင်းပဲဟာစိတ်တော့ပူတာပေါ့ ဒါပေမဲ့နင်ဘ၀ အတွက် အခွင့်အရေးပဲလေနင်
သွားရမှာပေါ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“နင် ငါ့ကိုစိတ်ပူတယ်ဟုတ်လား”

“အေးလေ ပူတယ် ဘာဖြစ်လဲ”

“ဟာ !!!!!!!!!!!! ဒါဆိုသေချာပြီ”
“ဘာသေချာတာလဲ ကျော်လင်းရဲ့  နင်ပေါက်ကရတွေ လိုက်လျှောက်မတွေနဲ့ နော်”

သေချာပါတယ် “နန်း” ရယ် နင့်ငါ့ကိုမခွဲ နိုင်ဘူး မဟုတ်လား

“လဲသေလိုက်ပါလားကောင်စုတ်ရဲ့  နင့်ကို ငါကဘာလို့ မခွဲနိုင်ရမှာလဲ ငါကဘောဒါအကန့် နဲ့ 
ပဲ စိတ်ပူတာ နင့်ကို ငါမခွဲနိုင်လောက်တဲ့ အထိ ငါ့မှာ မဖြစ်နိုင်ဘူး ငါ့မှာ ငါ့ချစ်သူကလွဲပြီး ဘယ်
သူကိုမှ မခွဲ နိုင်ဘူးဆိုတာ မရှိဘူး ”

“ဘာ”

“နင့်မှာချစ်သူရှိတယ် ဟုတ်လား နန်း ”

“အေးနင်သိအောင် ငါပြောလိုက်မယ် ငါ့မှာချစ်သူရှိတယ် ငါနဲ့ ငါ့ချစ်သူမကြာခင်လက်ထပ်တော့
မှာ ငါတို့ မင်္ဂလာဆောင်ကြရင်လဲ ခွင့်ယူပြီးပြန်လာခဲ့အုံးပေါ့”

“တော်ပါတော့ “နန်း” ရယ် ဆက်မကြားပါရစေနဲ့ တော့ ငါ့ကိုပြန်ခွင့်ပြုပါတော့ဟာ”
ကံမကုန်ရင်တော့ ငါတို့ ပြန်ဆုံကြတာပေါ့ဟာ”

“အေးလေး ငါလဲ ဘာရယ်မဟုတ်ပါဘူးနင်သိရအောင်ပြောပြလိုက်တာပါ နင်လဲ နင့်ဘ၀အတွက်
ကြိုးစားပေါ့”

“အိုကေလေ “နန်း” နင့်ကို ငါတခါတည်းနုတ်ဆက်ခဲ့ပါတယ်ဟာ နင်တို့ မင်္ဂလာဆောင်ကြရင် ငါ
မလာနိုင်ရင်ခွင့်လွတ်ပါဟာ”

“အေးပါဟယ် နောက်တော့ပြန်တွေ့ ကြတာပေါ့”
----------------------------------------xxxxxxxxxxxxxxxx-----------------------------------
နောက်နေ့ မနက်ရောက်တော့ သင်တန်းသွားရပါပြီ


“ဟဲ့သား ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ သင်တန်းသွားရအုံးမယ်မဟုတ်လား”

တော်သေးတာပေါ့ အမေနိုးပေလို့ ဘယ်အချိန်တောင်ထိုးကုန်ပြီလဲ အမေ

“ဘယ် အချိန်ရှိပြီလဲ မလုပ်နဲ့ ဟိုမှာ စခန်းမူးလှမ်းခေါ်နေပြီ သွားတွေ့ လိုက်အုံး”

“ဟုတ်လား အမေ ဒါဆိုသားသွားတွေ့ မှဖြစ်မှာပေါ့”

“ထထ မြန်မြန်လုပ်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်အုံး”

“ဟုတ်ကဲ့ အမေ”

အဲ့ဒါနဲ့ မျက်နှာသစ်သွားတိုက်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်တယ်

“အေး”

“ကျော်လင်း ရောက်ပြီလား ဒီနေ့  (၁း၀၀) နာရီမှာ စပြီး ခရီးထွက်ရမယ် လိုအပ်မဲ့ ပစ္စည်းတွေ
သွားယူလိုက်တော့”

“ဟုတ်ကဲ့ ဆရာ ကျွန်တော် အဆင်သင့် ထဲ့ထားပြီးပါပြီ”

“ရော ဒီမှာပိုက်ဆံ တစ်သောင်းခွဲ မင်းသွားရမှာက မိတ္ထီလာ စခန်းနံပတ် (၂၅) အဲ့ဒိရောက်ရင် အခု
ငါစာတစ်ဆောင်ထုတ်ပေးလိုက်မယ် အဲ့ဒိစာကိုပြလိုက် အဲ့ဒါဆို သူတို့ မင်းကို ဆက်လုပ်သွားပေး
လိုက်မယ်”
“ မရှင်းတာရှိလား”

“မရှိပါဘူးဆရာ”

“အေးအေး အဲ့ဒါဆိုသွာတော့”

“ကောင်းပါပြီဆရာ ကျွန်တော့ကို သွားခွင့်ပြုပါအုံး”
“အေး အေး”
----------------------------------------xxxxxxxxxxxxxxxxxxxxx------------------------------
နာရီကြည့်လိုက်တော့ (၁၂း၀၀) ထိုးတော့မယ် အိမ်ကို အမြန်ပြေးရတော့တာပေါ့

“အမေ အမေ”
“အေးသား အမေဒီမှာ ငါသားသွားရင်ထဲ့သွားဖို့  ပုဇွန်ခြောက်ကြော်လေးကြော်ပေးနေတာတာ”

“ကျေးဇူးတင်ပါတယ် အမေ”
“သားတစ်နာရီထိုးတာနဲ့ ထွက်ရမယ် အဲ့ဒါ အခုပစ္စည်းတွေလာယူတာ အမေ”
ဒီမှာရော အမေ ပိုက်ဆံ တစ်သောင်းခွဲ သားငါးထောင်လောက်ပြန်ယူသွားမယ်နော်

“အကုန်ယူသွားပါသားရယ် ငါ့သားပိုက်ဆံ အမေ မသုံး ရက်ပါဘူး”

“ဒီလိုတော့ ဘယ်ဟုတ်မလဲ အမေရာ အမေတစ်ယောက်တည်းနေခဲ့ရမှာ ပိုက်ဆံရှိမှဖြစ်မှာပေါ့
ယူထားလိုက်ပါ အမေ ရာ သားမရှိတုံး အမေ့ ကျမ္မာရေးကိုလဲ ဂရုစိုက်အုံ”

ဇတ်သိမ်းပိုင်း သည်းခံပြီး စောင့်ပေးကြပါရန်မတ္တာရပ်ခံ အပ်ပါသည်။

Photobucket

Friday, May 30, 2008

အသဲကွဲ မြို့  တော်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒါဏ် တစ်နှစ်ခွဲ

သင်တန်းဘယ်သူသွားမလဲ “ဟေ့” လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာနက စ
ခန်း မှူးအော်လိုက်တာပါ.

“ကျွန်တော်သွားမယ် ဆရာ”

“ဟေ့”

ဟုတ်ပါ့မလား ငါ့ကောင်ရမင်း အမေကိုမေးအုံးကွာ တော်တော်ကြာ ငါကလွတ်လိုက်ရင်
ငါမကောင်းဘူးဖြစ်နေအုံး မယ် သွားသွား မင်းအမေကိုသွားတိုင်ပင်လိုက်အုံး။။။။။။။။။။။

ရပါတယ်ဆရာ ကျွန်တော့အမေကို ကျွန်တော်ပြောလို့ ရပါတယ် ကျွန်တော်တို့ လဲ ပိုက်
ဆံလိုနေတာပဲ နောက်နှစ်ကျောင်းတတ်ဖို့ ကျွန်တော်မှာပိုက်မရှိလို့ ပါ အဲ့ဒါကြောင့်ကျွန်
တော့ကိုသွားခွင့်ပြုပါဆရာ ဆရာပေးမယ်ဆိုတဲ့ ပိုက်ဆံ တစ်သောင်က ကျွန်တော်တို့ 
သားအမိ အဖို့ အတော်ကို မက်လောက်စရာဖြစ်နေလို့ ပါဆရာ။။။။။။။။။။။။။။။။။။။။။။။။။။

အေးဒါဆိုလဲ ပြန်ပြောပြလိုက်ပေါ့ နောက်နေ့ ကြရင်ခရီးထွက်ရမယ် မိတ္တထီလာမှာသင်
တန်းတတ်ရမှာ အဲ့မှာကတော့နည်းနည်းပင်ပန်းမယ်။

“ရပါတယ်ဆရာ ကျွန်တော်ကြိုးစားပါ့မယ်”

အေးလေ တားမရတော့လဲ သွားပေါ့ ငါကတော့ပိုက်ဆံပေးမှာအမှန်ပဲ မင်းလဲအဆင်ပြေ
သွားတာပေါ့။

“ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်” “ကျွန်တော့ကို ပြန်ခွင့်ပြုပါအုံးဆရာ” အမေနဲ့ 
သွားတိုင်ပင်လိုက်အုံးမယ်ဆရာ........................................................................

“အေးအေး”

အဲ့လိုနဲ့  ကျွန်တော်လည်း အိမ်ပြန်လမ်းအတိုင်း လျှောက်ပြန်လာခဲ့တယ် လမ်းမှာ ကျွန်တ
ခုစဉ်းစားကြည့်မိတယ် “ငါဘာလို့ သင်တန်းသွားဖို့ တောင်းဆိုလိုက်ရတာလဲ ပြီးတော့ဘာ
ကြောင့်ကတိပေးလိုက်ရတာလဲ”

“အို”

ဘာမှမဖြစ်နိုင်လောက်ပါဘူးလေ ငါသင်တန်းသွားရင်ပိုက်ဆံရမှာပဲ တစ်သောင်းခွဲတောင်
ရမှာ ငါတို့ မိသားစုမှာ တစ်ခါမှ မမြင်ဘူးတဲ့ ငွေတစ်သောင်းခွဲကို မြင်ရတော့မှာပဲလေ ငါ့
အမေလဲပျော်မှာပါ...............................................................................................

အဲ့လိုနဲ့ ကျွန်တော်လည်း အိမ်နားပြန်ရောက်ခဲ့တယ်...................................................
“အမေ ရေ အမေ” အမေဘယ်နားမှာလဲ ဒီကိုလာပါအုံး သားပြောစရာရှိလို့ ..................

“ဟဲ့သား ဘာဖြစ်လာရတာတုံး အမေ့ကိုပြောစမ်း အမေရင်တွေတုံလိုက်တာ သားရယ်”
ဘာမှမဖြစ်ပါဘူး အမေရ သားပြောစရာရှိလို့  အမေ့ကိုလှမ်းခေါ်လိုက်တာ~~~~~~~~

ပြောစမ်းပါသားရဲ့  အမေသိချင်လှပြီဘာတွေဖြစ်လို့ တုံး အမေ့ကို ရောဂါတိုးအောင်တော့
မလုပ်ပါနဲ့ သားရယ်~~~“မလုပ်ပါဘူး အမေရ” ဒီလိုပါ စခန်းမှူးကပြောလိုက်တယ်သား

သင်တန်းသွားရမယ်တဲ့ပိုက်ဆံတစ်သောင်းခွဲတောင်ရမှာ အမေရ ဘာမှလဲ မကြာဘူးတဲ့
“သားသွားမယ်နော် အမေ” ငါ့သားစဉ်စားပါအုံး ဘယ်နေရာလဲဆိုတာ အမေသိတယ်

သား လူကြီးတွေတောင် မသွားချင်လို့  လုပ်နေကြတာ ငါ့သားကသွားမယ်ဆိုတော့ဖြစ်နိုင်
ပါ့မလား သားရယ်။ “ရပါတယ် အမေရ” သားနေတတ်ပါတယ် သိပ့်မှ မကြာတာ သုံးလေး

လပဲတဲ့ “ဘယ်ကလာ သုံးလေးလလဲ” နှစ်နဲ့ ချီပြီးကြာတာသားရဲ့  အဲ့ဒါတွေ မင်းမသိပဲဘာ
သွားလုပ်မှာလဲ သွားမနေပါနဲ့ သားရယ်~~~~~~~~~~~~~~~~~~~~~~~~~~~~

အမေရယ် သွားပါရစေ သားတို့ မှာ ပိုက်ဆံတစ်သောင်းဆိုတာ တခါမှကို မမြင်ခဲ့ဘူးတာေ
လ ဒီတစ်ခါတော့ သွားခွင့်ပြုပါအမေ “အမေလဲ ပိုက်ဆံသုံးရတာပေါ့” သားကြိုးစားပါ့မယ်

“အမေကတော့ ပိုက်ဆံကို မလိုချင်ဘူး ဒါပေမဲ့ တားမရလဲ လွတ်ပေးရမှာပေါ့ မင်းကင်္ယျေား
လေးပဲ ငါဘယ်တားလို့  ရမလဲ ကိုယ်ဟာကိုတာ ကြည့်နေပေါ့ ဘုရားတရားလဲ မမေ့နဲ့ ရတ

နာသုံးပါကို အမြဲ ဆည်းကပ် အဲ့ဒါဆိုရင်တော့ မင်းဘေးမရောက်နိုင်ပါဘူး~~~~~~~~~~
“သားနားထောင်ပါ့မယ် အမေ သားကိုသွားခွင့်ပြုရင်ပဲ ကျေးဇူးတင်လှပါပြီ” သားကိုပစ္စည်း
တွေထဲ့ထားပေးအုံး အမေ သားသူငယ်ချင်းတွေသွား နုတ်ဆက်လိုက်အုံးမယ် အမေ။။။။။။။။။

“အေးအေး အမေ ကြည့်ထဲ့ထားလိုက်မယ် မင်းဘယ်နေ့ သွားမှာလဲ”
“မနက်ဖန် သွားမယ်အမေ” “အေးလေ အမေကြည့်ထဲ့ထားလိုက်ပါမယ်”

“ဒါဆိုသားသွားအုံးမယ်အမေ”
“အေးအေး”

ဆက်ရန်ရှိသည် ဘယ်အချိန်လဲတော့ တိဘူး :P


Photobucket

Wednesday, May 14, 2008

လူပေါင်းမှားသွားလို့ 

ကျွန်တော်ဟာငယ်ငယ်ကလေး ကတည်းက အဖိုးတွေ အဖွားတွေနဲ့ နေခဲ့တာပါ အသက်ပြည့်လို
့ကျောင်းသွားရပြန်တော့လဲသူတို့ ပဲကျောင်းအပ်ကျောင်းကြိုကျောင်းပို့လုပ်ခဲ့တာ~~~~~~~~~

တနေ့ တနေ့ ဆုံးမလိုက်တာလဲမပြောနေနဲ့ တော့ နားကိုမဆံ့တော့တာ သူများပစ္စည်းမခိုးရ-ရန်မ
ဖြစ်ရ ဘုရားတရားလဲမမေ့နဲ့ ပေါ့ သူများကိုလဲသွားပြီး အနာတရဖြစ်အောင် ထိခိုက်အောင်မလုပ်
ရဒါတွေနဲ့ ပဲ နေ့ စဉ်နဲ့ အမျှဆုံးမနေတာ ကြာလာတော့ ဆုံးမတာမထင်တော့ဘူး ဒီအဖိုကြီးအဖွား

ကြီးလေ အလကားရတိုင်းပြောနေတယ်ဆိုပြီးစိတ်ထဲမှာခံစားလာရတယ် :P ဘယ်လိုထင်ထင် သူ
တို့ ကတော့ဂရုမစိုက်ရေးချ မစိုက်ပဲ ဆုံးမမြဲဆုံးမနေတာပဲ တဖြေးဖြေးနဲ့ စကားတွေကနားရေဝ

လာတယ် အသက်ကလေးလည်း ဆယ့်လေး ဆယ့်ငါးလောက်လဲရောက်ကော စဉ်စားတတ်လာ
ပြီ သူတို့ ပြောပြနေတာတွေက တကယ်လို အပ်ပါလားဆိုတာကို နားလည်လာတယ်~~~~~~~

ကြော်ငြာဝင်လိုက်အုံးမယ် ကျွန်တော်က ရွာသားဗျ ကျွန်တော်ရှစ်တန်းနှစ်လောက်မှာ သူငယ်ချင်း
တစ်ယောက်ရခဲ့တယ် တော်တော်ကိုခင်ကြတာ ဒါပေမဲ့ စရိုက်ချင်းက မတူဘူး သူကနည်းနည်းစ

ရိုက်ဆိုးတယ် ကိုယ့်ကိုယ်ကြွားတာတော့မဟုတ်ဘူး :P ကျွန်တော့သူငယ်ချင်နဲ့  ညီအကိုလဲခင်
လာရောတစ်ယောက်အကြောင်း တစ်ယောက်ပြောကြမေးကြတာပေါ့ အဲ့ချိန်မှာ ကျွန်တော်သူ့ အ

ကြောင်းသိရတာက သူဟာ ပိုက်ဆံရှိ အသိုင်းဝိုင်းကဆင်းသက်လာပြီး သူ့ အဖေက ဗိုလ်မှူးတစ်
ယောက်ဖြစ်တယ်သူ့ အမေကတော့ ရုံးဝန်ထမ်းတော့ ရုံးဝန်ထမ်းပဲ ဘာရုံးကိုဝန်ထမ်းတာလဲတော

့မမှတ်မိတော့ဘူးကျွန်တော်နဲ့ ခင်လာတဲ့တလျှောက်လုံးမှာသူ့ မှာပိုက်ဆံပြတ်သွားတယ်လို့ မရှိ
ဘူး (၉၀)တန်တွေကို ပလူပျံနေတာပဲ ကျွန်တော့ကိုလဲ အမြဲတမ်းပေးသုံးပါတယ် အမှန်တိုင်းေ

ပြာရရင် သူ့ ကို အားကျမိခဲ့တာ ကျွန်တော်တို့ မှာက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာလေ ဘယ်
ကလာသူ့ လိုသုံးစွဲနိုင်မှာလဲ(၉၀) တန်ကိုင်နိုင်ဖို့ နေသာသာ ပြား(၅၀)တန်ကိုင်ဖို့ ကို အသည်းအ

သန်လုပ်နေရတယ်~~~~တစ်နေ့ တော့ သူ့ ကို အားကျပြီး အိမ်မှာ (အဖိုးနဲ့ အဖွား) မှာ ပိုက်ဆံ
လိမ်တောင်းကြည့်လိုက်တယ်ကျောင်းမှာအလှူလုပ်မှာမို့ လို့ ပိုက်ဆံထဲ့ရမယ် ဘာညာပေါ့ အဖိုး

နဲ့ အဖွားလည်းတကယ်အောက်မေ့ပြီး ငါ့သားဘယ်လောက်တောင်လို လို့ လဲ ပြောလေ မေတို့ 
ရှာကြံပေးပါ့မယ်တဲ့ကျွန်တော်လည်းအဲ့ချိန်မှာသွားပြီးပြေးသတိရလိုက်တာက ကျွန်တော့သူငယ်

ချင်း ပြီးတော့ သူ့ ရဲ့ ကိုးဆယ်တန်ဒါနဲ့ ကျွန်တော်လည်း မပြောရဲ ပြောရဲ နဲ့ ပြောချလိုက်တယ်
(၉၀)လိုပါ၏လို့အဖိုးနဲ့ အဖွားလည်း မျက်လုံးပြူးကုန်တာပေါ့ ဒါပေမဲ့ သူတို့ မျက်လုံးပြူးတာကြာ

ရှည်မပြူးလိုက်ရပါဘူးလင်မယားနှစ်ယောက် တီးတိုး တီးတိုး နဲ့ အခန်းထဲဝင်သွားကြတယ် ဘာ
တွေလုပ်လဲတော့သိဘူး :Pကျွန်တော်လည်း လူငယ်ပီပီ စူးစမ်းဆိုတာကို ခေါင်းစဉ်တပ်ပြီး စပ်စု

ရန်နောက်ကလိုက်ကြည့်လိုက်တယ်အဲ့ဒိမှာစတွေ့ တာပဲ အဘိုးကြီးနဲ့ အဖွားကြီး ကုတ်ချောင်း
ကုတ်ချောင်းနဲ့ စုထားဆောင်းထားတာလေးတွေလိုက်စုနေတာတွေ့ လိုက်ရတယ် ကျွန်တော်လ

ည်းတော်တော်သနားသွားတယ် သနားတော့ကော ဘာတတ်နိုင်တော့မှာလဲ စကားကလွန်သွားပြီ
ကို ကျွန်တော်လည်းဆက်မကြည့်တော့ပဲ ချောင်းနေတဲ့အလုပ်ကိုရပ်အိမ်ရှေ့  မှာသွားထိုင်နေလ

ိုက်တော့တယ်~~~~~~~~~~~~~ခဏလောက်နေတော့လင်မယားနှစ်ယောက်ပြန်ထွက်လာ
ပြီးတစ်ယောက်ကို တစ်ယောက်ကြည့်လို ကျွန်တော့ကို စကားစပြောကြတယ်လူလေးရယ်မေတို့

မှာလဲ ငါ့မြေးတောင်းတဲ့ (၉၀)တော့မရှိဘူး ဒီမှာ အကုန်းလုံးပေါင်းမှ (၄၇) ကျပ်ပဲရှိပါတယ်ကွယ်
ဒါလေးပဲယူပါလို့ သားဆရာမကိုပြောပြပေးပါကွယ်တဲ့ ကျွန်တော်လည်းစိတ်ထဲကြိတ်ပြုံးနေတာ

ပေါ့လက်လည်းပိုက်ဆံဆီကိုအရောက် ပါးစပ်ကလည်းပြောလိုက်သေးတယ် (၄၇)ကျပ်ဆိုတော်
တော်ပြောပြမှရမှာလို့  ပေးပေးကြည့်မယ်မရဘူးဆိုရင်တော့သားလည်း မသိဘူးနော်ဆိုပြီး ပြန်

လို့ တောင် ချိန်းခြောက်လိုက်သေးတယ်~~~~~~အဖိုးနဲ့ အဖွားလည်း “အေးပါကွယ် ရအောင်
သာပြောပေးပါလူးလေရယ်” လူလေးရဲ့ ပညာရေးလဲရှိသေးတော့သူတို့ ကိုကြေနပ်အောင်လုပ်

ပေးရမှာပေါ့ သူတို့ မကြေနပ်လို့ ကျောင်းထုတ်လိုက်ရင်အဖိုးတို့ လိုပဲ လယ်တဲချောင်းထဲမှာ သူ
များခိုင်းတာလုပ်ရမှာဆိုးလို့ ပါကွယ်~~~~~~~~~~~~ကျွန်တော်လည်း အင်းပေါင်း မြောက်

များစွာလုပ်ပြီး ပိုက်ဆံ (၄၇)ကျပ်ကိုယူလိုက်တော့တယ်~~~နောက်နေ့ ကျောင်းသွားတော့
ကျွန်တော့သူငယ်ချင်းနဲ့ ကျောင်းထိပ် ကွမ်းယာဆိုင်မှာတွေ့ တယ် ပိုက်ဆံ(၄၇)ကျပ်ဆိုတာ

ကလဲ တစ်ခါမှ မကိုင်ဘူးတော့ သူငယ်ချင်းကိုဖွင့်ပြောလိုက်တယ်ဘယ်လိုဘယ်ပုံရလာတယ်
ဆိုတာကို ဒီကောင်မမေးတဲ့အပြင် ဆေးလိပ်တောင် သောက်မပျက်ဘူး အဲ့ဒါနဲ့ ကျွန်တော့သူ

ငယ်ချင်းက ဒါဆိုအတော်ပဲငါ့မှာ ပိုက် ငါးဆယ် ပါတယ် ငါတို့ နှစ်ယောက်ကျောင်းပြေးရအော
င်တဲ့ ကျွန်တော်လည်း ရင်တွေတုံနေတာနဲ့ အေးကောင်းသားပဲလစ်စို့ ဆိုပြီး ပြေကြပါလေရော

ကျောင်းတာပြေးတယ် ဘယ်ကိုသွားရမှန်းကျွန်တော်မသိပါ သူငယ်ချင်းခေါ်ရာကိုလိုက်နေရ
တယ် အဲ့နေ့ က သူ့ မှာ ဆိုင်ကယ်ပါတယ် သူမောင်းရာနောက်ကို တကောက်ကောက်လိုက်ေ

နရတယ် ပထမဦးဆုံ ၀င်တာက ခေါင်ရည်ဆိုင် ခက်တည်တည်ပဲ သူကခေါင်ရည်ဆိုင်ထဲမှာဝင်
သွားပြီးသောက်နေတာကျွန်တော်လည်း အပြင်မှာ မစောင့်နေနိုင်တာနဲ့  အထဲကိုလိုက်ဝင်သွား

ပြီးထိုင်စောင့်နေလိုက်တယ် ကိုယ်တော်ချောကတော်တော်ကို ဇိမ်ရနေတာ ကျွန်တော့မှာအံသြ
လို့ ကိုမဆုံးဘူး ကျောင်းသားတစ်ယောက်က ဒီလိုခေါင်ရည် သောက်နေတာ ရောင်းတဲ့လူကလဲ

ရောင်းနေတယ်ဆိုတာကို ကျွန်တော်ထင်ထားတာက ကျောင်းသားခေါင်ရည်မသောက်ရ ဥပဒေ
ရှိတယ်အောင့်မေ့နေတာတော်တော်သောက်နိုင်တဲ့ကောင်ပဲ ဒီလောက်သောက်တာတောင် ဘာမှ

မဖြစ်ဘူးမမူးဘူးသူမှမမူးတာငါလဲသောက်မယ်ဆိုပြီးခေါင်ရည်အချိုတလုံးမှာခိုင်းလိုက်တယ်ပထ
မတစ်ခွက်စမ်းသောက်လိုက်ပြီ “အား”လည်ချောင်းထဲကိုသံရည်ပူလောင်းထဲ့သလိုပဲ ခံလိုက်ရတ

ယ် ကဲဒီလောက်တောင်ဖြစ်လှတာ ဒုတိယ တစ်ခွက်နည်းနည်းတော့လျှောလျှောရှူရှူဝင်သွားတ
ယ်ခေါင်းထဲမှာလဲရစ်သီရစ်သီနဲ့ ဆိုတော့နည်းနည်းနေလို့ ကောင်းသလိုပဲလမ်းလျှောက်ကြည့်တ

ယ်လူကအကောင်ပိုကြီးသွားသလိုပဲပတ်ဝန်းကျင်ကိုနည်းနည်းမေ့လာတယ်စကားပြောရင်လဲအ
ကျယ်ကြီးပြောလာတယ်နောက်ခွက်တွေနောက်ခွက်တွေဆက်သောက်လိုက်တော့ပတ်ဝန်းကျင်

ကိုကျွန်တော်လူမထင်တော့ဘူးကိုယ်ဟာကိုစကားပြောချင်သလိုပြော အကျယ်ကြီးလဲအော်ချင်
အော်နေတာကြာလာတော့သူငယ်ချင်လုပ်သူလဲ နောက်တနေရာဆက်ချင်တယ်နဲ့ တူပါတယ်ကျ

န်နေတဲ့ လက်ကျန်လေးကိုအကုန်ဖြတ်လိုက်ပြီး “ကဲရှင်းမယ်ဟေ့” ဆိုပြီး ပိုက်ဆံရှင်းလိုက်တယ်
ကဲမောင်ကျောင်းပြေးနောက်တနေရာဆက်ပြန်ပြီးဘယ်ကိုလဲတော့မသိဘူးသူငယ်ချင်းတွဲခေါ်ရာ

ကိုလိုက်ရင်ဆိုင်ကယ်ပေါ်တတ်လိုက်တယ်ကျွန်တော်တော်တော်မူးနေပြီမခံနိုင်တော့ဘူး“ငါတော်
တော်မူးနေပြီကွာ” တနေရာရာ ပို့ ပေးပါ ငါအိပ်ချင်နေပြီအဲ့နောက်တော့သူငယ်ချင်လဲဘယ်ကိုေ

မာင်းလဲမသိတော့ဘူး ဆိုင်းကယ်စီးရင်း လေတိုက်ကိုခံလာလိုက်တာပိုလို့ တောင်မူးသွားတယ်
နောက်တော့ ရပ်ကွက် တခုထဲကို ရောက်သွားတာတော့သိတယ် အဲ့နောက်အိမ်တစ်အိမ်ထဲကို

ဆိုင်ကယ်ဝင်သွားတယ်ဒါတွေသိနေတယ်နောက်ဆုံးခုံတစ်ခုပေါ်မှာကျွန်တော်ရောက်နေပြီး
မှောက်ခုံကြီး ဖြစ်နေရတော့တယ် မျက်လုံးက မဖွင့်နိုင်ဘူး နားကကြားနေရတယ် “တစ်ယော

က်ကို ဘယ်လောက်လဲ” “နှစ်ဆယ်ငါးကျပ်” ဒါဆိုနှစ်ယောက်ယ်မယ်တဲ့ကျွန်တော့သူငယ်ချင်
ပြောနေတာတွေအကုန်ကြားနေရတယ်မိန်းခလေးအသံတွေလဲ ဆူညံနေတယ် ရေမွေးအနံေ

တွကလဲ နာခေါင်းထဲကိုလာကလိနေတယ် အဲ့နောက်တော့မိန်းခလေးတယောက်တွဲပြီးအခန်း
တစ်ခန်းထဲကို တွဲဝင်လာတယ် ကျွန်တော် ပြန်မရုန်းကန်နိုင်ဘူးကျွန်တော့မှာအားအင်တွေမရှိ

တော့ဘူး ထိုမိန်းခလေးသယ်ဆောင်ရာနောက်ကို လိုက်ပါနေခဲ့ရတယ်အဲ့ချိန်မှာကျွန်တော့သူင
ယ်ချင်းလဲဘယ်ရောက်သွားလဲမသိတော့ဘူး သူလဲသတိမရတော့ဘူး“ကျွန်တော်အိမ်မက်တွေ

မက်နေတယ်နာခေါင်းထဲမှာရေမွေးန့ံရယ်အမြင်အာရုံမှာ မိန်းခလေးတစ်ယောက်မှုံဝါးဝါးနဲ့ သူ
ကို ကျွန်တော်တွန်းထုတ်နေမိတယ်ဒါပေမဲ့ ကျွန်တော့လက်တွေလှုပ်မရဘူးအားအင်တွေဘယ်

ရောက်ကုန်ပြီလဲ ကျွန်တော်ထင်တာအိမ်မက်ပဲလေဆိုပြီး အားအင်ကို အတင်းဆုစည်းလိုက်ပြီး
ရုန်းထလိုက်တယ် “ဟာ” အိမ်မက်မဟုတ်ပါလား တကယ့် အဖြစ်အပျက်ဖြစ်နေပါလား ငါဘာ

တွေလျှောက်လုပ်နေတာလဲ ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ် မိန်းခလေးကလဲ ကျွန်တော့ကို
“ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေပါ ပြီးရင် ပြန်ရအုံးမယ်တဲ့” အဲ့ချိန်မှာကျွန်တော်အသိတော်

တော်ဝင်လာပြီကျွန်တော့အဖြစ်အပျက်ကိုထိုမိန်းခလေးအားရှင်းပြလိုက်တော့ မိန်းခလေးလဲ
ဒါဆိုငါ့မောင်အရွယ်ပဲပေါ့ ငါ့မောင်က လူပေါင်းမှားသွားတာပဲ နောက်ဒါမျိုးမဖြစ်အောင် စဉ်စဉ်

ချင်ချင် လုပ်ပေါ့ကွယ်နောက်ဆိုဒီလိုနေရာမျိုးကိုဘယ်တော့မှရောက်မလာစေနဲ့ အမတို့ က
ဝါသနာပါလို့ လုပ်စားနေတာမဟုတ်ဘူးငတ်လို့ လုပ်စားနေကြတာဒါပေမဲ့ ဒီလိုမျိုးရတဲ့ပိုက်ဆံ

ကိုတော့မလိုချင်တော့ဘူးငါ့မောင်အဖွားတွေစီကတောင်းလာတဲ့ပိုက်ဆံအမပြန်ဆိုက်ပေးလိုက်
မယ်မနက်ကြရင် ပြန်ပေးလိုက်ကြားလားဆိုပြီး ဆုံးမနေတယ် ကျွန်တော်ဘာပြန်တေပြာရမလဲ

ဘာမှလဲပြန်မပြောနိုင်တော့ဘူး အဲ့ဒါနဲ့ မျက်နှာသွားသစ် နာရီကိုကြည့်လိုက်တော့ မနက် ငါးနာ
ရီထိုးနေပြီ မျက်နှာသစ်ပြီးပြန်လာတော့ဘယ်အချိန်က ဘယ်လိုသွားယူလိုက်လဲမသိဘူး ကော်

ဖီတခွက် မိန်းခလေးလှမ်းပေးတဲ့ကော်ဖီကိုသောက်ရင်း မနက်ဖြန် မိုးလင်းလို့ တွေ့ ရမယ့် အဖိုး
နဲ့ အဖွားရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရမလဲစဉ်းစားရင်~~~~~~~~~~~~~~~~~~~~~

Photobucket

အမှားနဲ့  အမှန်

ကျွန်တော်အခုလွယ်ထားတဲ့လွယ်အိတ်ကို လွယ်ပြီး မြန်မာပြည်မှာ
လွတ်လွတ်လပ်လပ်သွားချင်တယ်လို့ ပဲပြောချင်တယ် အမှန် နဲ့ 
အမှား ဟာခြစ်ချလိုက်တာလွယ်ပေမဲ့ ဖြစ်လာမဲ့ ဆိုးကျိုတွေကို
စဉ်းစားသင်တယ် ကဲလူတွေ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ပါစေဗျာ
မှားမခြစ်မိဖို့ တော့ဆုတောင်းလိုက်ပါတယ်.....................



ကျွန်တော်ကတော့ဘာမှ မပြောချင်တော့ဘူးဗျာ ဒါပဲလို့ ပဲပြလိုက်ချင်တော့တယ်













Photobucket

ကျွန်တော်တို့ သေလွန်ခဲ့သော်

ကျွန်တော်တို့ သေလွန်ခဲ့သော် ပြီးခဲ့တဲ့ အတိတ်ဘ၀ကို ပြန်သတိရမှာ စိုးလို့  မေ့ပင်လို့ ခေါ်တဲ့

အပင်အောက်က ဖြတ်ရတယ်လို့  ကြားဘူးတယ် !ဟုတ်လားတော့မသိဘူးလူကြီးသူမတွေပြောတာကြားဘူးထားတာ !
ကဲအဲ့ဒါဆို ကျွန်တော်တို့  တတွေ သေလွန်ခဲ့ကြပြီလား မေ့ပင်အောက်ကိုကော ဖြတ်ခဲ့ကြပြီလား ကျွန်တော်တို့ 
တတွေ အတိတ်ကို သတိမရနိုင်တော့ဘူး အတိတ်မှာ ဘာတွေဖြစ်နေပြီလဲ “ဘာမှမသိချင်ဘူး!” ပစ္စုပ္ပန်မှာပဲပျော်တယ်

အခုချိန်မှာ ကားတွေစီးရတယ် အစားကောင်းတွေစားရတယ် နေစရာအိမ်တွေ ကောင်းကောင်းရှိနေတယ် အတိတ်ဆို
ဆိုတာ ငါတို့ မှာ မရှိ ! နွားရဲ့  နဖားကြိုးကိုင်တဲ့လက်က ကားရဲ့ စီယာရင်ကို ကိုင်နေရမှတော့ ဘယ်သတိရတော့မလဲ
အတိတ်ကို။

ဒါဆိုသေချာတယ် ငါတို့ တွေ သေလွန်ခဲ့ကြပြီပဲ “ဟာ” အဲ့ဒါဆိုမေ့ပင်အောက်ကိုဖြတ်ခဲ့ပြီပေါ့ မဟုတ်သေးပါဘူး
မေ့ပင်အောက်ကို ဖြတ်ခဲ့မယ် သေလွန်ခဲ့ကြမယ်ဆိုရင် အခုဖြစ်နေတဲ့ ပစ္စုပ္ပန်ရဲ့  အကြောင်းတွေကို ဘယ်လိုလုပ်သိ
နိုင်မှာလဲ မုန်တိုင်းဝင်လို့  လူတွေသေကြေပျက်စီတာကိုကော ဘယ်သိနိုင်မလဲ ငါအခုလိုစာထဲထည့်ရေး နိုင်တယ်
ဆိုကတည်းက ငါမသေသေလို့ ပေါ့ မေ့ပင်အောက်ကိုလည်းမဖြတ်ရသေးဘူးကို။

“တော်ပါသေးရဲ့  ငါသေလွန်ခဲ့ပြီအောက်မေ့နေတာ” မသေသေးဘူး အတိတ်ကိုလလဲ မမေ့သေးဘူးဆိုရင် အခု
ဖြစ်ပျက်နေတဲ့မြန်မာပြည်ကတကယ်ပဲပေါ့ ဒါဆိုငါကလူထဲက လူတယောက်ပဲ လူသားချင်းစာနာတဲ့ အနေနဲ့  ကူညီ
သင့်တာပေါ့ ။

( လူတယောက်က ကျွန်တော့ကို ပြောဘူးတယ် အလှူခံနေမဲ့ အစား ရှိတာလေးကို ရောင်းပြီး လှူလိုက်တာက ပို
ပြီးဒါနမြောက်ပါတယ်တဲ့)

ဒါဆို ကျွန်တော်လည်းရှိတာလေး ရောင်းပြီးသာဓုခေါ်လိုက်တော့မယ်ဗျာ အားလုံးလဲ ကျွန်တော်လို သာဓုခေါ်နိုင်
ကြပါစေဗျာ။

ကျွန်တော် တခုပြောပြချင်တာက မြန်မာပြည်သားမဟုတ်တဲ့ တရုတ်မ (ကျွန်တော်ဆရာမပေါ့) ကတောင် စိတ်ဝင်
စားပြီးနင်တို့ နင်တို့ နိုင်ငံအတွက် တခုခုလုပ်ပေးသင့်တယ်လို့ ပြောကြားလာတော့ ကျွန်တော့စိတ်ထဲမှာ အရမ်းကို

ဖီးလ်ဖြစ်မိတယ်ဗျာ။ သူကိုယ်တိုင်ကလည်း ဦးဆောင်ပြီး အလှူခံပေးနေတယ် အဲ့တော့ဘယ်နေနိုင်တော့မလဲ ကိုယ်
လဲပါရပြီပေါ့ အလှူငွေအရင်ထဲ့ နားလည်အောင်ရှင်းပြပေါ့ အဲ့လိုနဲ့ လုပ်လိုက်ရတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီးပြော

ချင်တာက တခြားလူမျိုးတွေတောင် စိတ်ဝင်စားပြီ အားကျိုးမာန်တတ်လုပ်ပေးနေတာ ကျွန်တော်တို့ လို မြန်မာနိုင်
ငံသားဖြစ်တဲ့လူတွေက ဘာလို့ မလုပ်ကြရမှာလဲ။ အခုဆိုလူတွေ မရေမတွက်နိုင်လောက်အောင်သေကြေပျက်စီးနေ

တာကို အုပ်ချုပ်နေတဲ့ (နအဖ) စစ်အုပ်စုကကော စာရင် အတိအကျပြနိုင်လို့ လား သူတို့ အားခဲထားတဲ့ မေ (၁၀)
နောက်ဆုတ်ပြီး ပြည်သူလူထု ကို ပြန်ကြည့်နေခဲ့လား မေ (၁၀) ကိုလဲနောက်မဆုတ် ဒုက္ခရောက်နေတဲ့ ပြည်သူလူ

ထုကိုလဲပြန်လှည့်မကြည့် “ပြန်လှည့်မကြည့်တဲ့အပြင် သောက်ရေရှားလို့ ရေလာခပ်တဲ့ လူတွေစီကတောင် လူစုပြီး
မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေကြတာ ဒါသူတို့ ရဲ့  လုပ်ရပ်ကောင်းလား။

စစ်အုပ်စုကိုလဲ မကောင်းဘူးလို့ မပြောပါဘူး ကောင်းတဲ့လူလဲရှိမှာပါ ၀ါးလုံးရှည်နဲ့ တော့ မရမ်းချင်ဘူး
(၁၀)% လောက်တော့ကောင်းမှာပါ သေချာတယ် (၉၀)% ကတော့သောက်သုံးမကြတဲ့ကောင်တွေ လူလူချင်းဦး

နှောက်ဖေါက်စားနေတဲ့ကောင်တွေပဲ ကိုကိုယ်တိုင်က ဦးနှောက်မရှိပဲ မင်းလုပ်အုပ်ချုပ်ပြီး ဘယ်လာတိုးတတ်ပါမ
လဲ ဒီနိုင်ငံဘယ်နားကလာကောင်းနိုင်ပါ့မလဲ မသိမေးလိုက်ချင်တယ် (၁+၁)ဘာရလဲလို့ ။

ဦးနှောက်မရှိဆိုမှတော့ ခေါင်းကဘယ်ကလာရှိတော့မှာလဲ ဒီကောင်တွေခေါင်းမရှိပဲ ပြန်ဖြေမဲ့အဖြေကို ကျွန်တော်
ကြိုသိနေတယ် (၁+၁) က အာဏာနဲ့ ငွေရတယ်လို့ ဖြေကြလိုက်မယ်သေချာပါတယ်ဗျာ။

နောင်တော်တို့ ရယ် ခင်ဗျားတို့ လဲ လူတွေပဲ အသိဥာဏ်လေးတော့ နည်းနည်းရှိကြမှာပါ နောင်တော်တို့ 
သမိုင်းကို နောင်တော်တို့ လှအောင်ရေးကြပါလား။ ရာထူးနဲ့ ငွေလေးပေးပြီး နောင်တော်တို့ ဦးနှောက်ဖောက်စားခံနေ

တော့မှာလား လူပေါ်လူလို မဆက်ခံတဲ့ ဒီကောင်တွေကို နောင်တော်တို့ လဲမြင်နေကြားနေရတာပဲ နောင်တော်တို့ ရာ
ထူးနဲ့ ငွေကိုမက်ပြီးသူများကြိုးဆွဲရာလိက်ကနေအုံးမယ် ဆိုရင်လူသက်တန်း (၇၅) အများဆုံးပါ အကယ်လို့ များ နောင်

တော်တို့ သေလွန်ခဲ့သော် အသေဖြောင့်ကြပါ့မလား ? သေသွားခဲ့ကြရင်ကော အာဇာနည်သူရဲကောင်းတွေရဲ့ ဝိဥာဉ်
နဲ့ ဘယ်လိုမျက်နှာပြကြမလဲ ကမ္ဘာမကြေလို့  ၀ိဥာဉ်တွေ တွေကစောင့်နေကြတယ် နောင်တော်တို့ ရာထူးနဲ့ ဂုဏ်လေး

ကိုဘေးနားမှာ တစက္ကန့်လောက် ချပြီး လူ့ လောကကြီးထဲကို မျက်စိလေးဖွင်ပြီးကြည့်လိုက်ကြပါဗျာ ဘာတွေဖြစ်နေလဲ
ဆိုတာ နောင်တော်တို့ တွေကြပါလိမ့်မယ် အမှန်တရားကို မြင်လာကြပါလိမ့်မယ် အမှားတစ်ရာလုပ်ခဲ့တာ အပြစ်မဟုတ်
ပါဘူး အမှားတစ်ရာလုပ်ပြီး အမှန်တရား တခုတွေ့ လာပါစေလို့ ဆုတောင်းလိုက်ပါတယ်နောင်တော်တို့ ရယ်။

Photobucket

ငါ့ဘ၀ရဲ့ အနာဂတ်


မြန်မာနိုင်ငံသားခလေးတယောက်ရဲ့  ဘ၀ဟာဘယ်လောက်များ မျော်လင့်ချက်တွေ မျော်လင့်ချင်း တွေနဲ့ရှင်သန်နိုင်မှာလဲ သူတို့မှာအနာဂတ် ဆိုတာကောရှိသေးရဲ့ လား မျော်လင့်ချက်တွေ အနာဂတ် တွေမရှိတော့မယ်အတူတူဆိုပြီး မိဘတွေက ကျောင်းတွေကို တ၀က်တပျက်နဲ့ထွက်ခိုင်း တပိုင်းတဆနဲ့ ကျောင်းနုတ်နဲ့ပေါ့
ငါကိုယ်တိုင်ခံစားခဲ့ရတာပဲ ငါတို့မိဘတွေ တွေးတာလဲမမှားပါဘူး ကျောင်းထားလို့  ကျောင်းတတ်တော့ကောဘာထူးမှာလဲ ကျောင်းစရိတ်ကုန်မယ် အချိန်ကုန်မယ် ဒါတွေပဲ အဖတ်တင်မှာပဲ တော်တော်ကြာလာပြန်ပြီ ကျူရှင်ခ တော်တော်ကြာလာပြန်ပြီ ဆရာမ ကိုဘာဝယ်ပေးရမှာတို့ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ မြန်မာပြည်ကအကျင့်စရိုက်လေးတွေပါ ကျောင်းတတ်ပါတယ်ဆိုကာမှ တနှစ်စာ ကျောင်းဝင်ကြေးပေးပြီး တော်ရောပေါ့ မပြီးနိုင်မဆီး နိုင် တော်ကြာပိုက်ဆံ ဘာဖိုးညာဖိုးနဲ့ အမေ့ ထမိန်ပေါင်းပြီးပေးခဲ့ရတဲ့ပိုက်ဆံကလည်းမနည်းတော့ဘူး အခုဟာက ပညာကိုပိုက်ဆံနဲ့ဝယ်နေရသလိုဖြစ်နေပြီ အစိုးရကကောလစာတွေ ပေးမထားဘူးလား ငါတို့ကကော ကျောင်းဝင်ကြေးတွေမပေးထားလို့လား ဘယ်လောက်ပေးပေး ရလေ လိုလေ အိုတ စေ တွေပါပဲ ပိုက်ဆံတွေပေးရ လက်ဆောင်တွေဝယ်ပေးရနဲ့ ပြီးတော့ပညာကိုကောင်းကောင်းသင် ပေးသလားဆိုတော့ မဟုတ် ဆရာမတွေက ကျောင်းသားတွေကို အမြဲတမ်းပြောနေကြစကားမနက် ဖန် လက်ဖက်သုတ်ယူခဲ့နော် ငါအမြဲတမ်းထိထိနေတဲ့စကား နင့်အိမ်က ပြေလည်တယ် နင်ပဲယူခဲ့ဆို တဲ့စကားငါ့နားထဲကထွက်ကိုမထွက်သေးဘူးငါ့အိမ်မှာဘယ်လိုရှာကြံပြီးဝယ်ခဲ့ရ သုတ်ခဲ့ရတယ်ဆို
တာသူတို့မှမသိပဲငါကျွေးတဲ့လက်ဖက်သုတ်ကိုစား ဆရာ/မ တွေဝိုင်းဖွဲ့ပြီးစားလိုက်သောက်လိုက် ရယ်မောလိုက်ကြပေါ့ ငါ့မှာတော့စာသင်ခန်းထောင့်လေးမှာထိုင်ပြီးကျောင်းစာတွေကိုသင်ပြသူမဲ့ တဲ့ဘ၀နဲ့ သူငယ်ချင်းတွေကိုခေါ်ပြီးအဖြေညိခဲ့ကြိမ်ပေါင်းလဲမနည်းပါဘူး ငါ့ထက်ဆိုတာက ငါ့သူ ငယ်ချင်းတွေပဲသူတို့ကဘာမှမပေးနိုင်တော့ အမြဲတမ်းဆူပူကြိမ်းမောင်းခံခဲ့ရပေါ့ ဆရာတွေ ဆရာမ တွေဘယ်လောက်ပဲ အသုံးမကြ ကြပါစေ ငါတို့သူငယ်ချင်းတွေကတော့ တယောက်တည်းမရတဲ့ပုဒ် စာတွေကို တအုပ်ကြီးဝိုင်းစဉ်းစား ကြတာပေါ့ ဒီလိုနဲ့ပညာကိုမပြည့်တပြည့်သင်ကြားမူ့ဘ၀ကနေ ပြီး (၁၀)တန်းဆိုတဲ့ ပထမ ဘ၀ကိုဖြတ်သန်းရတော့တယ် ငါတို့တွေ အသည်းအသန်ဖြေလိုက်ကြ တာပေါ့ ဒါပေမဲ့အောင်လားဆိုတော့ အောင်ဘူး စိတ်မလျော့ကြပါဘူး နောက်တနှစ်အဲ့မှာစတော့ တာပဲ ငါဟာလူပျိုပေါက်စ ပြီးတော့အပြင်ပအသိပညာလေးတွေကလည်း တိုးလာဆိုတော့ဘယ်ခံ တော့မလဲငါဘ၀ရဲ့ နာကြီးချက်တွေကို စပြီးဖေါ်ထုတ်တော့တာပဲ စာမေးပွဲဖြေတဲ့ တနေ့ပေါ့ ငါကို ဆရာမက အနား နားလာပြီးကပ်ပြောတယ် ဟေ့ကျော်လင်းထွန်း နင်စာမေးပွဲအောင်ချင် လားတဲ့ ငါလဲအောင်ချင်တာပေါ့ ဘယ်ပြောကောင်းမလဲတခါတည်းကိုအောင်ချင်တာပေါ့လို့ပြောလိုက်တာ
ဆရာမကဘာပြောတယ်အောင်းမေ့လဲ ပိုက်ဆံနှစ်သောင်းပေးရင် အဖြေစာအုပ်ပေးပြီးကူးချမယ်တဲ့ ဟာပြောရက်လိုက်တာဆရာမရယ် ငါ့မှာဘယ်ကပိုက်ဆံနှစ်သောင်းရှိမှာလဲရှိတော့ကောပေးစရာ လား လက်ဖက်သုတ်တောင်မှ ငါ့အမေ ထမိန်ပေါင်ပြီး ကျွေးလာရတာကို ဒီပိုက်ဆံနှစ်သောင်းတာ ဆိုရင် ငါ့အမေပိုင်တဲ့ ၀ိုင်းလေးနဲ့အိမ်စုတ်လေးကိုရောင်းရင်တောင်ပြည့်မှာမဟုတ်ဘူး ငါထင်နေ တာက ဆရာမပြောမယ်စကားက နင်ကိုကျူရှင်အလကားသင်ပေးမယ် စာမေးပွဲမဖြေခင်လာခဲ့လို့ အောင့်မေ့နေတာ တကယ်တန်းကြားလိုက်ရတဲ့စကားက ပိုက်ဆံနှစ်သောင်းတဲ့ ပေါက်ကွဲပြီပေါ့ မပေးနိုင်ဘူးပေးစရာလည်းမလိုဘူးပေါ့ ထအော်လိုက်တယ် အဲ့ဒိမှဆရာမလည်းရှက်ရှက်နဲ့ငါ့ခေါင်း ကိုလာခေါက်လေရော ဒေါသကထွက်နေပါတယ်ဆိုမှ ခေါင်းကိုလာခေါက်သေးတယ်ဆိုတော့ လူသတ်ချင်စိတ်ပါပေါက်သွားတယ် ဆရာမရဲ့ ပုခုန်း နှစ်ဖက်ကိုကိုင်ကိုင်ပြီး ဆွဲလုပ်စကားပြောလိုက် တယ်နင်တို့လို ပိုက်ဆံပဲမက် ပညာကိုမသင်ပေးချင်တဲ့ဆရာမတွေဘယ်တော့မှငါပိုက်ဆံမပေးဘူး လို့ ဒေါသထွက်ထွက်ပြန်ပြီးဆောင့်တွန်းလိုက်မိတယ် ဆရာမလည်းခွေခွေလေးလဲနေရာကနေထ ပြေးပြီးကျောင်းအုပ်ကြီးနဲ့တိုင်လေတော့တယ် ကျော်လင်းထွန်း ကျမကို ကိုယ်ထိလက်ရောက်စော် ကားပါတယ်ပေါ့ ပြောသွားတာတွေကိုတခုမှမပါသွားဘူး အဲ့ဒိမှာငါ့ကိုကျောင်းအုပ်ကြီးခေါ်ပြီးတွေ့ ပါ တော့တယ် နင်ဆရာမကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုဟုတ်သလားတဲ့ ဟုတ်နေတာပဲ ငါလဲမငြင်းဘူး အဲ့ဒိနောက် ငါလဲဆရာမပြောတဲ့စကားတွေကိုပြန်ပြီးပြောပြအုံးမလို့ ပါးစပ်ပြင်ရုံပဲရှိ သေးတယ်နင်းကျောင်းတတ်စရာမလိုတော့ဘူး စာမေးပွဲလဲဖြေစရာမလိုတော့ဘူးတဲ့နင့်လွယ်အိတ်
နင်ယူပြီးအိမ်ပြန်တော့တဲ့ ဟာ ငါ့မှာသေချင်စော်ပါနံသွားတယ် ပြန်ပြီးပြောပြခွင့်လဲမရှိ အယူခံဝင် ခွင့်တောင်မရတော့ပါလား ဆရာမပြောသွားတဲ့စကားတခွန်းသာအတည်ယူလိုက်တဲ့ကျောင်းအုပ် ကြီး နောင်တချိန်အခွင့်ရေးရင်သတ်ပြစ်မယ်လို့ စိတ်ထဲမှာကြိမ်းထားလိုက်တယ် အဲ့ဒိနောက်တော့ ကျောင်းနားက ရဲစခန်းကိုအယူခံမရှိရောက်ရှိသွားလေတော့တယ် ငါအမေလဲစိတ်ပူတာပေါ့ဘာ ဖြစ်တာလဲဆိုပြီးရဲစခန်းကိုလိုက်လာတယ် ငါ့အမေကိုငါအကြိုးအကြောင်းရှင်းပြလိုက်တော့ ဘာတတ်နိုင်မှာလဲငါ့သားရယ်တဲ့ အခုအချုပ်ခန်းထဲကနေပြီးထွက်ရဖို့ကအရေးကြီးပါတယ်တဲ့ ငါ့အမေ မျက်နှာကို ကြည့်ပြီးသနားလိုက်တာ ငါဘာပြန်လုပ်ပေးရမလဲ အဲ့ဒိချိန်မှာ ဒုရဲအုပ်က တရာခံ ကျော်လင်းထွန်းမိဘနဲ့ တွေ့ ချင်တယ်ဆိုလို့ ငါအမေသွားတွေ့လိုက်တယ် သူတို့ တွေဘာ ပြောကြလဲငါမသိဘူး နောက်နေ့တော့ငါပြန်လွတ်လာခဲ့ရတယ် ငါ့အမေငါ့ကိုလာကြိုတယ် ဆရာမ ကိုပြသနာပြန်ရှာမှာကြောက်လို့ တဲ့ ငါလဲငါ့အမေနဲ့အတူရွာကိုပြန်ခဲ့တာပေါ့ အိမ်ကိုပြန်မယ့်လမ်းကို အမေကမပြန်ပဲ ငါ့လက်ကိုဆွဲပြီး ဘကြီးရှိတဲ့ ၀ိုင်းဘက်ကိုခေါ်လာခဲ့တယ် ငါလည်း စဉ်းစားတာပေါ့ ဘာဖြစ်လို့ထူးထူးဆန်းဆန်း ဒီဘက်ကိုခေါ်လာရသလဲ ငါတို့ အိမ်ကိုဘာလိုမပြန်လဲ တောင်စဉ် ရေ မရလျှောက်စဉ်းစားပြီးလိုက်လာတာ ဘကြီးအိမ်ကိုရောက်ပါလေရော အလားလား ဘကြီးအိမ် ရောက်မှနည်းနည်း ရိပ်မိတော့တယ် အမေဘယ်လိုဖြစ်ကုန်တာလဲအမေဘာမှပြန်မပြောဘူးငြိမ် နေတယ် အဲ့မှာ ဘကြီးက၀င်ပြောတော့တယ် အကုသိုလ်ကောင် မင်းကြောင့် ၀ိုင်းနဲ့အိမ်လေးကို ရောင်းလိုက်ရတယ် ပိုက်ဆံမလောက်လို ငါ့တောင်ငါစိုက်ပေးလိုက်ရသေးတယ် မင်းဂျိုမွှေလို့ကွမင်း သိလား ငါ့မှာဘာပြန်ပြောရမှန်မသိလောက်အောင်
အံသြနေတယ်ဘာလို့ဝိုင်းနဲ့အိမ်လေးကိုရောင်း
လိုက်ရတာလဲ ငါ့မှာအရမ်းသိချင်နေတယ် မနေနိုင်တော့ဘူးမေးလိုက်တယ် အမေဘာဖြစ်လို့ရောင်း လိုက်တာလဲဟင်လို့ ငါ့အမေပြောပြတယ် နင်အချုပ်ကလွတ်အောင် ပိုက်ဆံပေးပြီးအာမခံလုပ်ရ တယ်ငါ့သားတဲ့ သြော်ငါသိပြီ ဒုရဲအုပ် ခေါ်ပြီးငါအမေကိုတွေ့တာ ပိုက်ဆံခေါ်တောင်းတာပဲ အဲ့ဒါနဲ့  ဘယ်လောက်လဲအမေ ဘယ်လောက်တောင်မို့ လို့ ဝိုင်းနဲ့အိမ်ကိုရောင်းလိုက်ရတာလဲလို့မေးမိလိုက် တယ် နှစ်သောင်းခွဲတဲ့ ဟာ!!!!!!!!!!!!!!!! ပိုက်ဆံနှစ်သောင်း မပေးနိုင်လို့ ဆရာမနဲ့စကားများဖြစ်တယ် အခုဟာကပိုက်ဆံ နှစ်သောင်းခွဲတောင်ပေးလိုက်ရပါလား ငါ့မှာအံသြလို့ကိုမဆုံးတော့ဘူးအဲ့ဒိထက်
အံသြရာကောင်းတာက ပြသနာဖြစ်ပြီး(၂)နှစ်လောက်အကြာမှာ ငါ့သူငယ်ချင်းတော်တော်များများ ရှတ်ရှား မှာကျောင်းသွားတတ်ခွင့်ရတယ်တဲ့ ဟာဘယ်လိုတွေဖြစ်ကုန်တာလဲသူတို့တွေဆီကိုငါသွား
ပြီးမေးကြည့်တော့ ငါပြသနာဖြစ်နေတဲ့အချိန်မှာသူတို့တွေကပိုက်ဆံနှစ်သောင်းစီပေးလိုက်ကြတယ်
တဲ့ အဲ့ဒါကြောင့်စာမေးပွဲအောင်ပြီး ရှတ်ရှားသွားခွင့်ရတာတဲ့သြော်လောကကြီးရယ်ငါကိုတော်တော်
လှည့်စားခဲ့တာပဲငါစိတ်တွေလေးပြီးသွားချင်ရာကိုသွားနေခဲ့တယ်နေချင်ရာကိုနေနေခဲ့တယ်ငါ့အမေ
လဲငါ့ကိုမတားနိုင်တော့ဘူး ဘာဖြစ်လို့ လဲဆိုတော့ သူကိုယ်တိုင်ကဘကြီးအိမ်မှာကပ်ပြီးနေ နေရလို့ ပဲ အဲ့နောက်တော့ ငါတချိန်ချိန်ကြရင် အခွင့်ရေးများရှိရင်သတ်မယ်လို့ တေးထားခဲ့တဲ့ကျောင်အုပ် ကြီးကိုလည်းမသတ်ဖြစ်ဘူး သင်ပြသူမဲ့ပြီး ပုဒ်စာကိုအဖြေအတူညှိခဲ့တဲ့သူငယ်ချင်းတွေဆီကိုလည်း မရောက်တော့ဘူး ငါ့အမေကိုလည်းငါ ပြန်မလှည့်ကြည့်တော့ဘူး ငါ့ဘ၀ဟာဦးတည်ချက်မဲ့သွားပြီ အဲ့ဒိနောက်တော့ခြေဦးတဲ့ရာလျှောက်လို့နေတော့တယ်
ကျော်လင်းထွန်း
 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ