Wednesday, May 14, 2008

လူပေါင်းမှားသွားလို့ 

ကျွန်တော်ဟာငယ်ငယ်ကလေး ကတည်းက အဖိုးတွေ အဖွားတွေနဲ့ နေခဲ့တာပါ အသက်ပြည့်လို
့ကျောင်းသွားရပြန်တော့လဲသူတို့ ပဲကျောင်းအပ်ကျောင်းကြိုကျောင်းပို့လုပ်ခဲ့တာ~~~~~~~~~

တနေ့ တနေ့ ဆုံးမလိုက်တာလဲမပြောနေနဲ့ တော့ နားကိုမဆံ့တော့တာ သူများပစ္စည်းမခိုးရ-ရန်မ
ဖြစ်ရ ဘုရားတရားလဲမမေ့နဲ့ ပေါ့ သူများကိုလဲသွားပြီး အနာတရဖြစ်အောင် ထိခိုက်အောင်မလုပ်
ရဒါတွေနဲ့ ပဲ နေ့ စဉ်နဲ့ အမျှဆုံးမနေတာ ကြာလာတော့ ဆုံးမတာမထင်တော့ဘူး ဒီအဖိုကြီးအဖွား

ကြီးလေ အလကားရတိုင်းပြောနေတယ်ဆိုပြီးစိတ်ထဲမှာခံစားလာရတယ် :P ဘယ်လိုထင်ထင် သူ
တို့ ကတော့ဂရုမစိုက်ရေးချ မစိုက်ပဲ ဆုံးမမြဲဆုံးမနေတာပဲ တဖြေးဖြေးနဲ့ စကားတွေကနားရေဝ

လာတယ် အသက်ကလေးလည်း ဆယ့်လေး ဆယ့်ငါးလောက်လဲရောက်ကော စဉ်စားတတ်လာ
ပြီ သူတို့ ပြောပြနေတာတွေက တကယ်လို အပ်ပါလားဆိုတာကို နားလည်လာတယ်~~~~~~~

ကြော်ငြာဝင်လိုက်အုံးမယ် ကျွန်တော်က ရွာသားဗျ ကျွန်တော်ရှစ်တန်းနှစ်လောက်မှာ သူငယ်ချင်း
တစ်ယောက်ရခဲ့တယ် တော်တော်ကိုခင်ကြတာ ဒါပေမဲ့ စရိုက်ချင်းက မတူဘူး သူကနည်းနည်းစ

ရိုက်ဆိုးတယ် ကိုယ့်ကိုယ်ကြွားတာတော့မဟုတ်ဘူး :P ကျွန်တော့သူငယ်ချင်နဲ့  ညီအကိုလဲခင်
လာရောတစ်ယောက်အကြောင်း တစ်ယောက်ပြောကြမေးကြတာပေါ့ အဲ့ချိန်မှာ ကျွန်တော်သူ့ အ

ကြောင်းသိရတာက သူဟာ ပိုက်ဆံရှိ အသိုင်းဝိုင်းကဆင်းသက်လာပြီး သူ့ အဖေက ဗိုလ်မှူးတစ်
ယောက်ဖြစ်တယ်သူ့ အမေကတော့ ရုံးဝန်ထမ်းတော့ ရုံးဝန်ထမ်းပဲ ဘာရုံးကိုဝန်ထမ်းတာလဲတော

့မမှတ်မိတော့ဘူးကျွန်တော်နဲ့ ခင်လာတဲ့တလျှောက်လုံးမှာသူ့ မှာပိုက်ဆံပြတ်သွားတယ်လို့ မရှိ
ဘူး (၉၀)တန်တွေကို ပလူပျံနေတာပဲ ကျွန်တော့ကိုလဲ အမြဲတမ်းပေးသုံးပါတယ် အမှန်တိုင်းေ

ပြာရရင် သူ့ ကို အားကျမိခဲ့တာ ကျွန်တော်တို့ မှာက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာလေ ဘယ်
ကလာသူ့ လိုသုံးစွဲနိုင်မှာလဲ(၉၀) တန်ကိုင်နိုင်ဖို့ နေသာသာ ပြား(၅၀)တန်ကိုင်ဖို့ ကို အသည်းအ

သန်လုပ်နေရတယ်~~~~တစ်နေ့ တော့ သူ့ ကို အားကျပြီး အိမ်မှာ (အဖိုးနဲ့ အဖွား) မှာ ပိုက်ဆံ
လိမ်တောင်းကြည့်လိုက်တယ်ကျောင်းမှာအလှူလုပ်မှာမို့ လို့ ပိုက်ဆံထဲ့ရမယ် ဘာညာပေါ့ အဖိုး

နဲ့ အဖွားလည်းတကယ်အောက်မေ့ပြီး ငါ့သားဘယ်လောက်တောင်လို လို့ လဲ ပြောလေ မေတို့ 
ရှာကြံပေးပါ့မယ်တဲ့ကျွန်တော်လည်းအဲ့ချိန်မှာသွားပြီးပြေးသတိရလိုက်တာက ကျွန်တော့သူငယ်

ချင်း ပြီးတော့ သူ့ ရဲ့ ကိုးဆယ်တန်ဒါနဲ့ ကျွန်တော်လည်း မပြောရဲ ပြောရဲ နဲ့ ပြောချလိုက်တယ်
(၉၀)လိုပါ၏လို့အဖိုးနဲ့ အဖွားလည်း မျက်လုံးပြူးကုန်တာပေါ့ ဒါပေမဲ့ သူတို့ မျက်လုံးပြူးတာကြာ

ရှည်မပြူးလိုက်ရပါဘူးလင်မယားနှစ်ယောက် တီးတိုး တီးတိုး နဲ့ အခန်းထဲဝင်သွားကြတယ် ဘာ
တွေလုပ်လဲတော့သိဘူး :Pကျွန်တော်လည်း လူငယ်ပီပီ စူးစမ်းဆိုတာကို ခေါင်းစဉ်တပ်ပြီး စပ်စု

ရန်နောက်ကလိုက်ကြည့်လိုက်တယ်အဲ့ဒိမှာစတွေ့ တာပဲ အဘိုးကြီးနဲ့ အဖွားကြီး ကုတ်ချောင်း
ကုတ်ချောင်းနဲ့ စုထားဆောင်းထားတာလေးတွေလိုက်စုနေတာတွေ့ လိုက်ရတယ် ကျွန်တော်လ

ည်းတော်တော်သနားသွားတယ် သနားတော့ကော ဘာတတ်နိုင်တော့မှာလဲ စကားကလွန်သွားပြီ
ကို ကျွန်တော်လည်းဆက်မကြည့်တော့ပဲ ချောင်းနေတဲ့အလုပ်ကိုရပ်အိမ်ရှေ့  မှာသွားထိုင်နေလ

ိုက်တော့တယ်~~~~~~~~~~~~~ခဏလောက်နေတော့လင်မယားနှစ်ယောက်ပြန်ထွက်လာ
ပြီးတစ်ယောက်ကို တစ်ယောက်ကြည့်လို ကျွန်တော့ကို စကားစပြောကြတယ်လူလေးရယ်မေတို့

မှာလဲ ငါ့မြေးတောင်းတဲ့ (၉၀)တော့မရှိဘူး ဒီမှာ အကုန်းလုံးပေါင်းမှ (၄၇) ကျပ်ပဲရှိပါတယ်ကွယ်
ဒါလေးပဲယူပါလို့ သားဆရာမကိုပြောပြပေးပါကွယ်တဲ့ ကျွန်တော်လည်းစိတ်ထဲကြိတ်ပြုံးနေတာ

ပေါ့လက်လည်းပိုက်ဆံဆီကိုအရောက် ပါးစပ်ကလည်းပြောလိုက်သေးတယ် (၄၇)ကျပ်ဆိုတော်
တော်ပြောပြမှရမှာလို့  ပေးပေးကြည့်မယ်မရဘူးဆိုရင်တော့သားလည်း မသိဘူးနော်ဆိုပြီး ပြန်

လို့ တောင် ချိန်းခြောက်လိုက်သေးတယ်~~~~~~အဖိုးနဲ့ အဖွားလည်း “အေးပါကွယ် ရအောင်
သာပြောပေးပါလူးလေရယ်” လူလေးရဲ့ ပညာရေးလဲရှိသေးတော့သူတို့ ကိုကြေနပ်အောင်လုပ်

ပေးရမှာပေါ့ သူတို့ မကြေနပ်လို့ ကျောင်းထုတ်လိုက်ရင်အဖိုးတို့ လိုပဲ လယ်တဲချောင်းထဲမှာ သူ
များခိုင်းတာလုပ်ရမှာဆိုးလို့ ပါကွယ်~~~~~~~~~~~~ကျွန်တော်လည်း အင်းပေါင်း မြောက်

များစွာလုပ်ပြီး ပိုက်ဆံ (၄၇)ကျပ်ကိုယူလိုက်တော့တယ်~~~နောက်နေ့ ကျောင်းသွားတော့
ကျွန်တော့သူငယ်ချင်းနဲ့ ကျောင်းထိပ် ကွမ်းယာဆိုင်မှာတွေ့ တယ် ပိုက်ဆံ(၄၇)ကျပ်ဆိုတာ

ကလဲ တစ်ခါမှ မကိုင်ဘူးတော့ သူငယ်ချင်းကိုဖွင့်ပြောလိုက်တယ်ဘယ်လိုဘယ်ပုံရလာတယ်
ဆိုတာကို ဒီကောင်မမေးတဲ့အပြင် ဆေးလိပ်တောင် သောက်မပျက်ဘူး အဲ့ဒါနဲ့ ကျွန်တော့သူ

ငယ်ချင်းက ဒါဆိုအတော်ပဲငါ့မှာ ပိုက် ငါးဆယ် ပါတယ် ငါတို့ နှစ်ယောက်ကျောင်းပြေးရအော
င်တဲ့ ကျွန်တော်လည်း ရင်တွေတုံနေတာနဲ့ အေးကောင်းသားပဲလစ်စို့ ဆိုပြီး ပြေကြပါလေရော

ကျောင်းတာပြေးတယ် ဘယ်ကိုသွားရမှန်းကျွန်တော်မသိပါ သူငယ်ချင်းခေါ်ရာကိုလိုက်နေရ
တယ် အဲ့နေ့ က သူ့ မှာ ဆိုင်ကယ်ပါတယ် သူမောင်းရာနောက်ကို တကောက်ကောက်လိုက်ေ

နရတယ် ပထမဦးဆုံ ၀င်တာက ခေါင်ရည်ဆိုင် ခက်တည်တည်ပဲ သူကခေါင်ရည်ဆိုင်ထဲမှာဝင်
သွားပြီးသောက်နေတာကျွန်တော်လည်း အပြင်မှာ မစောင့်နေနိုင်တာနဲ့  အထဲကိုလိုက်ဝင်သွား

ပြီးထိုင်စောင့်နေလိုက်တယ် ကိုယ်တော်ချောကတော်တော်ကို ဇိမ်ရနေတာ ကျွန်တော့မှာအံသြ
လို့ ကိုမဆုံးဘူး ကျောင်းသားတစ်ယောက်က ဒီလိုခေါင်ရည် သောက်နေတာ ရောင်းတဲ့လူကလဲ

ရောင်းနေတယ်ဆိုတာကို ကျွန်တော်ထင်ထားတာက ကျောင်းသားခေါင်ရည်မသောက်ရ ဥပဒေ
ရှိတယ်အောင့်မေ့နေတာတော်တော်သောက်နိုင်တဲ့ကောင်ပဲ ဒီလောက်သောက်တာတောင် ဘာမှ

မဖြစ်ဘူးမမူးဘူးသူမှမမူးတာငါလဲသောက်မယ်ဆိုပြီးခေါင်ရည်အချိုတလုံးမှာခိုင်းလိုက်တယ်ပထ
မတစ်ခွက်စမ်းသောက်လိုက်ပြီ “အား”လည်ချောင်းထဲကိုသံရည်ပူလောင်းထဲ့သလိုပဲ ခံလိုက်ရတ

ယ် ကဲဒီလောက်တောင်ဖြစ်လှတာ ဒုတိယ တစ်ခွက်နည်းနည်းတော့လျှောလျှောရှူရှူဝင်သွားတ
ယ်ခေါင်းထဲမှာလဲရစ်သီရစ်သီနဲ့ ဆိုတော့နည်းနည်းနေလို့ ကောင်းသလိုပဲလမ်းလျှောက်ကြည့်တ

ယ်လူကအကောင်ပိုကြီးသွားသလိုပဲပတ်ဝန်းကျင်ကိုနည်းနည်းမေ့လာတယ်စကားပြောရင်လဲအ
ကျယ်ကြီးပြောလာတယ်နောက်ခွက်တွေနောက်ခွက်တွေဆက်သောက်လိုက်တော့ပတ်ဝန်းကျင်

ကိုကျွန်တော်လူမထင်တော့ဘူးကိုယ်ဟာကိုစကားပြောချင်သလိုပြော အကျယ်ကြီးလဲအော်ချင်
အော်နေတာကြာလာတော့သူငယ်ချင်လုပ်သူလဲ နောက်တနေရာဆက်ချင်တယ်နဲ့ တူပါတယ်ကျ

န်နေတဲ့ လက်ကျန်လေးကိုအကုန်ဖြတ်လိုက်ပြီး “ကဲရှင်းမယ်ဟေ့” ဆိုပြီး ပိုက်ဆံရှင်းလိုက်တယ်
ကဲမောင်ကျောင်းပြေးနောက်တနေရာဆက်ပြန်ပြီးဘယ်ကိုလဲတော့မသိဘူးသူငယ်ချင်းတွဲခေါ်ရာ

ကိုလိုက်ရင်ဆိုင်ကယ်ပေါ်တတ်လိုက်တယ်ကျွန်တော်တော်တော်မူးနေပြီမခံနိုင်တော့ဘူး“ငါတော်
တော်မူးနေပြီကွာ” တနေရာရာ ပို့ ပေးပါ ငါအိပ်ချင်နေပြီအဲ့နောက်တော့သူငယ်ချင်လဲဘယ်ကိုေ

မာင်းလဲမသိတော့ဘူး ဆိုင်းကယ်စီးရင်း လေတိုက်ကိုခံလာလိုက်တာပိုလို့ တောင်မူးသွားတယ်
နောက်တော့ ရပ်ကွက် တခုထဲကို ရောက်သွားတာတော့သိတယ် အဲ့နောက်အိမ်တစ်အိမ်ထဲကို

ဆိုင်ကယ်ဝင်သွားတယ်ဒါတွေသိနေတယ်နောက်ဆုံးခုံတစ်ခုပေါ်မှာကျွန်တော်ရောက်နေပြီး
မှောက်ခုံကြီး ဖြစ်နေရတော့တယ် မျက်လုံးက မဖွင့်နိုင်ဘူး နားကကြားနေရတယ် “တစ်ယော

က်ကို ဘယ်လောက်လဲ” “နှစ်ဆယ်ငါးကျပ်” ဒါဆိုနှစ်ယောက်ယ်မယ်တဲ့ကျွန်တော့သူငယ်ချင်
ပြောနေတာတွေအကုန်ကြားနေရတယ်မိန်းခလေးအသံတွေလဲ ဆူညံနေတယ် ရေမွေးအနံေ

တွကလဲ နာခေါင်းထဲကိုလာကလိနေတယ် အဲ့နောက်တော့မိန်းခလေးတယောက်တွဲပြီးအခန်း
တစ်ခန်းထဲကို တွဲဝင်လာတယ် ကျွန်တော် ပြန်မရုန်းကန်နိုင်ဘူးကျွန်တော့မှာအားအင်တွေမရှိ

တော့ဘူး ထိုမိန်းခလေးသယ်ဆောင်ရာနောက်ကို လိုက်ပါနေခဲ့ရတယ်အဲ့ချိန်မှာကျွန်တော့သူင
ယ်ချင်းလဲဘယ်ရောက်သွားလဲမသိတော့ဘူး သူလဲသတိမရတော့ဘူး“ကျွန်တော်အိမ်မက်တွေ

မက်နေတယ်နာခေါင်းထဲမှာရေမွေးန့ံရယ်အမြင်အာရုံမှာ မိန်းခလေးတစ်ယောက်မှုံဝါးဝါးနဲ့ သူ
ကို ကျွန်တော်တွန်းထုတ်နေမိတယ်ဒါပေမဲ့ ကျွန်တော့လက်တွေလှုပ်မရဘူးအားအင်တွေဘယ်

ရောက်ကုန်ပြီလဲ ကျွန်တော်ထင်တာအိမ်မက်ပဲလေဆိုပြီး အားအင်ကို အတင်းဆုစည်းလိုက်ပြီး
ရုန်းထလိုက်တယ် “ဟာ” အိမ်မက်မဟုတ်ပါလား တကယ့် အဖြစ်အပျက်ဖြစ်နေပါလား ငါဘာ

တွေလျှောက်လုပ်နေတာလဲ ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ် မိန်းခလေးကလဲ ကျွန်တော့ကို
“ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေပါ ပြီးရင် ပြန်ရအုံးမယ်တဲ့” အဲ့ချိန်မှာကျွန်တော်အသိတော်

တော်ဝင်လာပြီကျွန်တော့အဖြစ်အပျက်ကိုထိုမိန်းခလေးအားရှင်းပြလိုက်တော့ မိန်းခလေးလဲ
ဒါဆိုငါ့မောင်အရွယ်ပဲပေါ့ ငါ့မောင်က လူပေါင်းမှားသွားတာပဲ နောက်ဒါမျိုးမဖြစ်အောင် စဉ်စဉ်

ချင်ချင် လုပ်ပေါ့ကွယ်နောက်ဆိုဒီလိုနေရာမျိုးကိုဘယ်တော့မှရောက်မလာစေနဲ့ အမတို့ က
ဝါသနာပါလို့ လုပ်စားနေတာမဟုတ်ဘူးငတ်လို့ လုပ်စားနေကြတာဒါပေမဲ့ ဒီလိုမျိုးရတဲ့ပိုက်ဆံ

ကိုတော့မလိုချင်တော့ဘူးငါ့မောင်အဖွားတွေစီကတောင်းလာတဲ့ပိုက်ဆံအမပြန်ဆိုက်ပေးလိုက်
မယ်မနက်ကြရင် ပြန်ပေးလိုက်ကြားလားဆိုပြီး ဆုံးမနေတယ် ကျွန်တော်ဘာပြန်တေပြာရမလဲ

ဘာမှလဲပြန်မပြောနိုင်တော့ဘူး အဲ့ဒါနဲ့ မျက်နှာသွားသစ် နာရီကိုကြည့်လိုက်တော့ မနက် ငါးနာ
ရီထိုးနေပြီ မျက်နှာသစ်ပြီးပြန်လာတော့ဘယ်အချိန်က ဘယ်လိုသွားယူလိုက်လဲမသိဘူး ကော်

ဖီတခွက် မိန်းခလေးလှမ်းပေးတဲ့ကော်ဖီကိုသောက်ရင်း မနက်ဖြန် မိုးလင်းလို့ တွေ့ ရမယ့် အဖိုး
နဲ့ အဖွားရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရမလဲစဉ်းစားရင်~~~~~~~~~~~~~~~~~~~~~

Photobucket

2 comments:

Welcome said...

ဆီဗုံးမတွေ့လို့ ၀င်လာတယ်။
အားပေးနေပါတယ်။ အဆင်ပြေပါစေ..

Unknown said...

ဒီဆောင်းပါးလေးကို comment ပေးဖူးတယ် မှတ်တာပဲ။ ဘယ်ရောက်သွားပြီတုန်းဟ။

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ