အေးစက်ပူလောင်နေတဲ့ည
အခုလိုညမျိုး ကန်ပေါင်ရိုးထိပ်
တိုးတိတ်ဆူညံ အသံနက်တွေ
ပြေးလွားနေဆဲ
ဘယ်လိုတွေလဲ လူလေးရယ်။
ခုလိုညမျိုး ခြံရိုးအပြင်
သခင်ပျောကက်ကို ဆီးကြိုယမ်းယောင်
အောင်နက်ဟောင်သော်
အမေခေါင်းထောင်ကြည့်မိတယ်။
ခုလိုညမျိုး ဟိုတမိုးက
ခဏလေးပါ အမေ့မှာခဲ့
ထွက်သွားတဲ့သား
အလည်လွန်လှချည်လားကွယ်။
ခုလိုညမျိုး မိုးထဲလေထဲ
တိုးခွဲဝင်ရောက် ပျောက်သွားတဲ့သား
ဖျားနာတဲ့အခါ
အမေ့အိမ်ကိုပြန်လာနော်။
ခုလိုညမျိုး ရိုးတိုးရိပ်တိတ်
အိမ်မက်ထဲမှာ အိမ်ပြန်လာတဲ့
အမေ့ရဲ့ သား
မျက်နှာညိုလှချည်လားကွယ်။
ခုလိုညမျိုး ကန်ပေါင်ရိုးထိပ်
တိုးတိတ်ဆူညံ အသံတွေ.....အသံတွေ
အမေ မကြားပါရစေနဲ့ကွယ်....။ ။
နိယာမ
ဘ၀ဆိုတာ......တိုက်ပွဲ
သေချာတယ်
ဒီစကားဟာ
ဘယ်တော့မှမပျက်ယွင်း
တခွန်းတည်းသောစကား။
တိုက်ပွဲ.....မှန်ရင်
သရေပွဲမရှိ
အင်အားနဲ့ ယှဉ်ပြိုင်
သေရဲ ......တိုက်ရဲ
အနိုင်ယူရဲတဲ့ စိတ်ဓါတ်သည်သာ
အခရာ........။
သေချာတာက
အင်အားဟာအမှန်တရားမဟုတ်
အမှန်တရားသည်သာထာဝရအင်အား
အာဏာဆိုတာ
လူထုဆီက လာတယ်
လူထုအာဏာ....ထာဝရသစွှာ။ ။
မော်သစ်(ရင်း-၈)
ထောင်နဲ့ လူသား
ထောင်ကထုနှက်
ထောင်ထွက်လူသား
သေလွန်သွားသော်
တော်လှန်ဝိညာဉ်
ဆက်လက်ရှင်သည်
မြေပြင်တောလုံး စိမ်းလေသတည်း။
မှတ်ချက်။ ။ကဗျာဆရာမောင်စွမ်းရည်
အိပ်ပျော်နေသူမ ဖတ်ရ
နာမည်အရင်ခေါ်ရင် မထူးကြေး၊
အတုတွေများတဲ့ခေတ်မှာ ကိုယ့်ကိုယ်ကိုယ်အစစ်ဖြစ်ကြောင်းအာမခံတယ်
သမားတုတွေကိစွှ၊
ဘုရားက ဘုရားအလုပ် လုပ်တယ်
လူတွေကကိုယ့်အလုပ်ကိုယ်မလုပ်ဘူး
ဟေ့.......ငါကတော့
မမှန်ဘူးထင်ရင်ငြင်းဆန်တယ်
ယုံကြည်သူနဲ့ ပူးပေါင်းမယ်
သေတာမှတိကျမယ်ဆိုရင်
မရေရာတဲ့ရှင်သန်မူ့ ကိုရံတယ်
မေတ္တာအကြောင်းမပြောဘူး
လုပ်ခဲ့သမျှကိုပဲတာဝန်ယူတယ်
ကိုယ့်ထမင်းကိုယ်စားပြီး
အေးအေးနေသူတွေကြားမှာ
ငါရပ်တည်မနေတာလွဲလို့ ။ ။မှတ်ချက်...........မိုးသောက်ကြယ်
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, May 14, 2008
Subscribe to:
Posts (Atom)
