Showing posts with label မီဒီယာ. Show all posts
Showing posts with label မီဒီယာ. Show all posts

Tuesday, June 10, 2008

လူရွှင်တော်ဇာဂနာဖမ်းဆီးမှု ကုလသမဂ္ဂစိုးရိမ

မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်က လူရွင်တော် ဇာဂနာကို အကြောင်းပြချက် မပေးဘဲ စစ်အစိုးရကထိန်းသိမ်းဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေလေ့လာရေးကောင်စီ၏ အထူးကိုယ်စားလှယ်သစ် မစ္စတာ Tomas Ojea Quintana က “အခုချိန်အထိ သူ့ကိုဘယ်မှာ ဖမ်းထားတယ် ဆိုတာ မသိရသေးတာကြောင့် ကျနော်အနေနဲ့ အလွန်စိုးရိမ်ပါတယ်” ဟု သတင်းဌာနများကို ပြောသည်။

ကိုဇာဂနာအား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ဖမ်းထားသည်ကို စစ်အစိုးရက ရှင်းပြပေးရန် ၎င်းက တောင်းဆိုထားသည်။

မစ္စတာ Tomas Ojea Quintana သည် မစ္စတာပီညဲရိုး၏တာဝန်ကို လွှဲပြောင်းယူအပြီး ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေကို လေ့လာစုံစမ်းရန် စာမျက်နှာ ၁၆မျက်နှာ ပါသည့် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည်။

၎င်းအစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်း သားများကို ပြန်လွှတ်ပေးရန် အစရှိသည့်အချက်များကို တောင်းဆိုထားသော်လည်း လူရွှင်တော်ဇာဂနာအဖမ်းခံရသည့် အကြောင်းအရာ မပါဝင်ခဲ့ကြောင်း အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ကိုဇာဂနာ၏ မိသားစုဝင်တဦးက “အခုချိန်ထိဘာအကြောင်းမှမသိရသေးဘူး။ ဖမ်းတုန်းကလည်း ဘာကြောင့်ဖမ်းတယ် ဆိုတာ ပြောမသွားဘူး” ဟု ဧရာဝတီကို ပြောသည်။

အာဏာပိုင်များက ကိုဇာဂနာ၏ မိသားစုဝင်များကို ပြည်ပမီဒီယာများနှင့် အင်တာဗျူးမလုပ်ရန်၊ ပြုလုပ်ပါက ဖမ်းဆီးနိုင် ကြောင်း ခြိမ်းခြောက်ပြောဆိုကြောင်းလည်း သိရသည်။

သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုများကြောင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကိုဇာဂနာ၏ မိဘများနေအိမ်ရှိ တယ်လီဖုန်းလိုင်းကိုလည်း ယမန်နေ့ကစ၍ အာဏာပိုင်တို့က ဖြတ်တောက်ထားကြောင်း သိရသည်။

လူရွှင်တော် ဇာဂနာကို ယခုလ ၄ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် လေဘေးကယ်ဆယ်ရေးလုပ်ငန်း မှတ်တမ်း ဗီစီဒီဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။

ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူ ဖြစ်သည်။ မုန်တိုင်းတိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေးပြက်လုံးများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လူရွှင်တော် ဇာဂနာသည် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ကြိမ်ဖန် များစွာခံခဲ့ရသည့်အပြင် အနုပညာလုပ်ငန်းများလုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၆ ခုနှစ် မေလကတည်းက အကန့်အသတ်မရှိ အပိတ်ခံထားရသူ ဖြစ်သည်။
မှတ်ချက်။ ။ ဧရာဝတီ

Photobucket

Thursday, June 5, 2008

လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ


နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊
အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။

အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။

လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။

ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။

ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။ ခေတ်ပြိုင်ဂျာနယ်မှဖေါ်ပြသည်

Photobucket

Wednesday, May 14, 2008

Nibiru - Planet X

စကြ၀ဠာကြီးအတွင်း၌ ကြယ်စုကြီးများ ( Galaxy ) မရေမတွက်နိုင်လောက်အောင် တည်ရှိနေကြသည်။ ကျွန်ုပ်တို့နေထိုင်သော နေအဖွဲ့အစည်း ( Solar System ) မှာ များပြားလှသောကြယ်စုကြီးများအနက်မှ တစ်ခုဖြစ်သော နဂါးငွေ့တန်းကြယ်စုကြီး
( Milkyway Galaxy ) ၏ အစွန်ဘက်ကျသော အိုရီယွန် လက်တံ ( Orion Arm ) အတွင်း၌ ရှိပေသည်။ Milkyway Galaxy အတွင်း၌ပင် ကျွန်ုပ်တို့ နေအဖွဲ့အစည်းမှာ အမှုန်ကလေး တစ်မှုန်မျှသာ။ သို့ဆိုလျှင်စကြာဝဠာအတွင်းရှိ မြောက်များစွာသော
နေအဖွဲ့အစည်းများတွင် ကျွန်ုပ်တို့ကဲ့သို့သော သက်ရှိများရှိမနေပါဟု ပြောနိုင်ပါမည်လော . . . ။


ဤသို့သောတွေးခေါ်မှုများမှာ ယခုမှရှိသည်သာမဟုတ်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်က တည်ရှိခဲ့သော ဆူမားရီးယန်း ( Sumerian ) လူမျိုးစုများလက်ထက်ကပင်ရှိခဲ့ပေသည်။ သိပ္ပံပညာထွန်းကားခြင်းမရှိသေးသောထိုခေတ်၏အယူအဆများမှာစိတ်ကူးယဉ်မျှသာဖြစ်
သည်ဟု ယူဆနိုင်သော်လည်း ထူးဆန်းသည်မှာ ၄င်းတို့၏ နေစကြ၀ဠာ ဆိုင်ရာ အယူအဆများမှာ ယနေ့ခေတ် နောက်ဆုံးတွေ့ရှိမှုများထက်ပင် ပြည့်စုံတိကျနေခြင်းပင်။ ဆူမားရီးယန်းတို့၏ ရှေးဟောင်းရုပ်ပုံသမိုင်းအထောက်အထားများအရ ဆီလျော်အောင်ယူဆကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်သန်းပေါင်း ၂၀၀ ခန့်က ကျွန်ုပ်တို့နေအဖွဲ့အစည်းမှာ ယခုကဲ့သို့မဟုတ်ပေ။ နေမှစ၍ စတင်ရေတွက်သော် -
1. မာကျူရီ
2. မားစ်
3. တိုင်ရားမက် ( Tiamat )
4. ဂျူပီတာ
5. စေတန်
6. ယူရေးနပ်စ်
7. အမည်မသိဂြိုလ်တစ်လုံး
8. နက်ပကျူး နှင့်
9. ပလူတို ဟူ၍ဖြစ်သည်။
ယင်းဂြိုလ်များထဲမှ တိုင်ရားမက် ဂြိုလ်ကြီးသည် ယနေ့ကမ္ဘာဂြိုလ်၏ နှစ်ဆမျှရှိပြီး သက်ရှိများလည်း တည်ရှိခဲ့သည်။ ဒိုင်နိုဆော ( Dinosour ) ကဲ့သို့သတ္တ၀ါကြီးများဖြစ်သည်။ အိမ်နီးချင်း မားစ် ဂြိုလ်၌လည်း အပင် နှင့် နို့တိုက်သတ္တ၀ါများ ရှိခဲ့သည်။ ထိုအချိန်တွင် အလွန်ဝေးကွာသောအရပ်၌ အိုစီရစ် ( Osiris ) ကြယ်ကြီးကို ဗဟိုပြု၍ ဂြိုလ်များဖြင့်လှည့်ပတ်နေသော နေစကြ၀ဠာ နောက်တစ်ခုလည်းရှိသည်ဟူ၏။ ၄င်းတို့ထဲ၌ နီဘီးရု ( Nibiru ) အမည်ရှိသော ဂြိုလ်ကြီးလည်း အပါအ၀င်ဖြစ်သည်။ တစ်ခါသော အိုစီရစ် နေအဖွဲအစည်းအတွင်း ဂြိုလ်အချင်းချင်းထိခိုက်ပျက်စီးမှု ( Cosmic Collapse ) ဖြစ်ပေါ်ခဲ့ပြီး ၄င်းအရှိန်ကြောင့် နီဘီးရု သည် လမ်းကြောင်းပြောင်းကာ ကျွန်ုပ်တို့နေအဖွဲ့အစည်း အတွင်းသို့ ရောက်လာခဲ့သည်။

ထိုသို့ရောက်ရှိလာရာမှ နီဘီးရု ၏ လများအနက်မှ တစ်စင်းသည် မားစ်ဂြိုလ်နှင့်တိုက်မိပြီး မားစ် ပေါ်မှ သက်ရှိနှင့်အပင်များ ပျောက်ကွယ်သွားခဲ့သည်။ ဆက်လက်၍ နီဘီးရုသည် တိုင်ရားမက် နှင့်တိုက်မိပြန်သည်။ ထို့ကြောင့် တိုင်ရားမက် မှာလည်း အစိတ်အပိုင်းနှစ်ခု ကွဲထွက်သွားသည်။ ၄င်းအနက် တစ်ခုမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး လွင့်ထွက်သွားကာ မားစ် နှင့် ဂျူပီတာ အကြားတွင် ဂြိုလ်ပဲ့ခါးပတ်
( Asteroid Belt ) ဖြစ်လာခဲ့ပြီး ကျန်တစ်ခုမှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုလ်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ တိုက်မိမှုကြောင့် ကမ္ဘာပေါ်၌ ဒိုင်နိုဆောကြီးများ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရသည်။ နီဘီးရု မှာလည်း ကျွန်ုပ်တို့နေမင်းကြီး၏ ဆွဲငင်အားကို မလွန်ဆန်နိုင်သဖြင့် နေစကြ၀ဠာ၏ ဂြိုလ်ကြီး တစ်လုံးအဖြစ် နေအား နှစ်ပေါင်း ၃၆၀၀ လျှင် တစ်ပတ်ကျ ရှည်လျားသော ဘဲဥပုံလမ်းကြောင်းဖြင့် လှည့်ပတ်နေခဲ့ရသည်။

ထို့ကြောင့် ဆိုမားရီးယန်းတို့၏ မှတ်တမ်းမှတ်ရာများအရ နီဘီးရု သည် ကျွန်ုပ်တို့နေစကြ၀ဠာ ၏ ဒဿမမြောက်ဂြိုလ်ဖြစ်သည်။ တစ်ခါသော် နီဘီးရု နေစကြ၀ဠာသို့ လာရောက်ခဲ့သည့် အခေါက်၌ကား သိပ္ပပညာအားဖြင့် အလွန်အဆင့်မြင့်သော ၊ သက်တမ်းအားဖြင့် နှစ်ထောင်ချီအသက်ရှည်သော ဂြိုလ်သား ( Alien ) များအား တင်ဆောင်ရောက်ရှိလာခဲ့သည်။ ၄င်းတို့မှာ ဆီးရီးယပ်စ် ( Sirius ) နေအဖွဲ့အစည်းမှ ဖြစ်ပြီး အာကာသအတွင်း ဂြိုလ်များကို အာကာသယာဉ်သဖွယ် စီးနင်းကာ သွားလာနေကြသူများ ဖြစ်သည်။ ကမ္ဘာမြေပေါ်၌ ၄င်းတို့အလိုရှိသော သတ္တုပစ္စည်းများ တွေ့ရသည့်အတွက် ၄င်းတို့ထဲမှ အဲနု ( Anu ) ၊ အဲန်လီ ( Enlil ) နှင့် အဲန်ကီ ( Enki ) တို့အား ကမ္ဘာမြေပေါ်သို့ စေလွှတ်ခဲ့သည်။ အဲန်ကင် သည် ၄င်း၏မိဖုရား နင်ဟားဆက်၏ အကူအညီဖြင့် သူတို့၏မျိုးဗီဇ နှင့် ကမ္ဘာပေါ်တွင် စတင်ဖြစ်ပေါ်လျက်ရှိသော သက်ရှိမျိုးဗီဇတို့ကိုပေါင်းကာဇီဝအင်ဂျင်နီယာအတတ်ဖြင့် မျိုးနွယ်စုတစ်ခုဖန်တီးခဲ့သည်။ ရည်ရွယ်ချက်မှာ ၄င်းတို့၏လုပ်ငန်းများ၌ ခိုင်းစေရန်ဖြစ်သည်။ ထိုမျိုးနွယ်စုသည်ကား လူသား ( Human Being ) ပင်ဖြစ်သည်။ ထိုအချိန်ကလူသားတို့မှာ အရွယ်အစားကြီးမားပြီး သက်တမ်းမှာလည်း သိန်းဂဏန်းအထိပင် အသက်ရှင်နေထိုင်ခဲ့ကြသည်။

သို့သော် . . . ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀၀၀ ခန့်အလိုတွင် နီဘီးရု သည် ( Cosmic Collapse ) တစ်ခုနှင့် ထပ်မံကြုံတွေ့ရပြီး မူလလမ်းကြောင်းမှ သွေဖည်ကာ ကမ္ဘာနှင့် အနီးကပ်ဆုံ ပတ်လမ်းမှ ၀င်ရောက်လာခဲ့သည်။ ထိုအခါ ကမ္ဘာပေါ်တွင် နီဘီးရု ၏ ဆွဲအားကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်ပေါ်လာခဲ့သည်။ သမ္မာကျမ်းစာ၌ပါသော ရေလွှမ်းမိုးမှုဟု ယူဆနိုင်ပေသည်။ နီဘီးရု မှာလည်း ဂြိုလ်ပဲ့ခါးပတ်ကိုဖြတ်သန်းလာခဲ့ရ၍ ကိုယ်ပိုင်လတစ်စင် ဆုံးရှုံးသွားခဲ့သည်။ ထို လ မှာ ကမ္ဘာ့ဆွဲအားကြောင့် ကမ္ဘာ၏အရံလအဖြစ် ရောက်ရှိခဲ့သည်။
ထို လ ရောက်ရှိလာသောကြောင့် ကမ္ဘာ့လေထု၌ အပြောင်းအလဲများ ဖြစ်ပေါ်ကာ လူ့သက်တမ်းလည်း တဖြည်းဖြည်း တိုလာခဲ့သည်။ နောက်ပိုင်း၌ အဲန်ကီတို့၏မျိုးနွယ်စုများမှာ လူသားမျိုးနွယ်စုများနှင့်ပေါင်းဖက်မိကာ ကပြား မျိုးနွယ်များဖြစ်လာခဲ့ပြီး မြိုပြနိုင်ငံများတည်ထောင်၍ အချင်းချင်းစစ်မက်များလည်း ဖြစ်ပွားလာခဲ့သည်။ ထို့ကြောင့် နီဘီးရု နောက်တစ်ခေါက်ပြန်ရောက်လာချိန် ခရစ်မပေါ်မီ ၆၃၉ တွင် အဲန်ကီမျိုးနွယ်စုများသည် ဂြိုလ်ကြီးနှင့်အတူ ဤကမ္ဘာမှ ပြန်လည်ထွက်ခွာသွားကြသည်။ ထို့ကြောင့် နီဘီးရု နောက်တစ်ခေါက်ပြန်လာချိန်၌ အဲန်ကီတို့၏မျိုးနွယ်စုများလည်း လိုက်ပါလာကြတော့မည်ဖြစ်သည်။
မျက်မှောက်ခေတ်တွေ့ရှိချက်များမှာလည်း ဆူမားရီးယန်း တို့၏ မှတ်တမ်းများကို ထောက်ခံနေသကဲ့သို့ ရှိနေသည်။ ၂၀၀၅ ခု ဇူလိုင် ၂၉ ရက်နေ့ နာဆာအဖွဲ့၏ ထုတ်ပြန်ချကတွင် ပလူတိုဂြိုလ်၏ အပြင်ဘက်၌ Planet X ဟု ယာယီအမည်ပေးထားသော ဂြိုလ်တစ်လုံးကိုတွေ့ရကြောင်းနှင့် ၄င်းသည် နေနှင့်ကမ္ဘာအကွာအဝေး၏ ၉၇ ဆ ကျော်ကွာဝေးသောနေရာတွင်တည်ရှိပြီး နေကိုဘဲဥပုံလမ်းကြောင်းဖြင့်လှည့်ပတ်လျက်ရှိသည် ဟုပါရှိသည်။အဆိုပါဂြိုလ်သည် ဆူမားရီးယန်း တို့၏ သမိုင်းလာ နှစ်ပေါင်း ၃၆၀၀ လျှင်တစ်ကြိမ်ကျ နေကို လှည့်ပတ်လျက်ရှိသော နီဘီးရု ဂြိုလ်ကြီးဖြစ်ခဲ့လျှင်ကား . . . . ။

ဂြိုလ်သားများ ပါလာမည် ၊ မပါလာမည်ကို အသာထား၍ ဒြပ်ထုအားဖြင့် ကြီးများလှသည့် ဂြိုလ်ကြီးတစ်လုံး ကမ္ဘာကြီးအနီးသို့ ချဉ်းကပ်လာသည်ဟုသာ စဉ်းစားကြည့်ပါ။ လ ၊ နေ နှင့် နီဘီးရု တို့၏ဆွဲအားများကြောင့် ကမ္ဘာကြီးမှာ အကြီးအကျယ်ထိခိုက်ပျက်စီးရပေမည်။ လှိုင်းလုံးကြီးများ ၊ မီးတောင်ပေါက်ကွဲမှုများ စသည့် ဘေးအန္တရာယ်များကြောင့် လူသားမျိုးနွယ်စုတို့၏ ၈၀ % ခန့်အထိပင် သေကျေပျက်စီးသွားနိုင်သည်။ ကမ္ဘာ့ဝင်ရိုးစွန်းများလည်း တိမ်းစောင်းပြီး ကမ္ဘာကြီးလည်ပတ်မှုမှာလည်း ၃ ရက်ခန့်ရပ်တန့်သွားမည်ဖြစ်သည်။ နီဘီးရု ကမ္ဘာမှဝေးရာသို့ပြန်လည်ထွက်ခွာသွားသည့်အချိန်၌ ဤကမ္ဘာကြီးတွင် မည်သည့်အခြေအနေမျိုး ဖြစ်ကျန်ခဲ့မည်နည်း။ မှန်းဆလို့ပင်မရနိုင် . . .။မျက်မှောက်ခေတ် Planet X ခေါ် 2003 UB 313 မှာလည်း ကမ္ဘာမြေပေါ်ရှိ လက်ရှိနက္ခတ်တာရာကြည့်စခန်းများမှ မြင်နိုင်စွမ်းမရှိသောလမ်းကြောင်း ( Blind Spot ) မှ ၀င်ရောက်လာမည်ဟူသော ဖော်ပြချက်ကလည်း ရှိနေပြန်သည်။
ထို့အပြင် အမေရိကန် နှင့် ရုရှ တို့ မြေအောက်၌ မြို့တော်များ တည်ဆောက်လျက် ရှိကြောင်းနှင့် လက်ရှိ အမှန်တယ်တည်ဆောက်နေသော အာတိတ်ဒေသရှိ မျိုးစေ့နမူနာ စတိုခန်းကြီးနှင့် တောင်ဝင်ရိုးစွန်းရှိ အမေရိကန် နက္ခတ်တာရာကြည့်စခန်းတို့မှာလည်း နီဘီးရု နှင့် ပတ်သက်နေသည် ဟူသော ကောလဟာလ များလည်း ထွက်ပေါ်လျက်ရှိသည်။

လေ့လာသူများ၏ အဆိုအရ ၂၀၃၈ ခုနှစ်သည် နီဘီးရု တစ်ကျော့ပြန်လာရမည့်နှစ်ဖြစ်သည်။ ကွဲလွဲမှုတစ်ခုမှာ Planet X ရောက်ရှိမည့်အချိန်က အနည်းငယ်စောလျက်ရှိသည်။ သို့သော် စကြ၀ဠာကြီးနှင့်နိုင်းယှဉ်လျှင်မူ ပြောပလောက်သည့် ကွာခြားမှုတော့မဟုတ်ပေ။ မည်သို့ဆိုစေ . . . အထက်ပါ ဘေးအန္တရာယ်များ ဖြစ်နိုင်သည် ၊ မဖြစ်နိုင်သည် အတတ်မပြောနိုင်သော်လည်း ဆိုမားရီးယန်းတို့၏ နီဘီးရု ( သို့မဟုတ် ) မျက်မှောက်ခေတ်၏ ဒဿမမြောက်ဂြိုလ်ကြီး Planet X ၏ အန္တရာယ် ကမ္ဘာမြေပေါ်သို့ကျရောက်လာနိုင်ဖွယ် အကြောင်းကတော့ဖြင့် ရှိနေပေသေးသည်။ ကဲ . . . မိတ်ဆွေ သင်ရောဘယ်လိုလဲ ၊ ဒဿမမြောက်နတ်ဆိုး အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ?


စာကြွင်း။ ။ ဆူမားရီးယန်း = ( BC 5200 – BC 4500 ) အတွင်း
(Sumerian) ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ်ဆုံရာ မြစ်ဝှမ်းဒေသ ၊
ပါရှန်ပင်လယ်ကွေ့၌ ထွန်းကားခဲ့သော လူမျိုးစုအမည်။

ကျမ်းကိုး
သုတစွယ်စုံမဂ္ဂဇင်း 2008 April

Photobucket

တမီးလ်ကျားမများ

အီးလမ်း တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့  LTTE အမျိုးသမီးတိုက်ခိုက်ရေးတပ်ဖွဲ့ ဟာ စွမ်းဆောင်ရည်
ကြောင့်ရော စိတ်ဓါတ်ခိုင်မာ ပြတ်သား မှု့ ကြောင့်ပါ နာမည်ကြီးလှပါတယ်။ အမျိုးသမီး တွေချည်းဘဲ ပါဝင်
တဲ့တပ်ဖွဲ့ တွေဟာ ရှေ့ တန်းစစ်မြေပြင်မှာ တောက်လျှောက်တိုက်နေကြတယ်။ ဒီမိန်းကလေး တွေဟာသီရိ
လင်္ကာမြောက်ပိုင်းနဲ့  အရှေ့ ပိုင်းမှာရှိတဲ့ တမီးလ်ဇာတိမြေကိုကာကွယ်ဖို့ အတွက် အသက်စွန့်လှူဖို့ ပိုင်းဖြတ်
ထားကြတယ်။ခေတ်မှီုပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ တမီလ်း ကျားသူပုန်တွေရဲ့  “ငြိမ်းချမ်းရေးအတွင်းဝန်ရုံး”
အဆောက်အဦးထဲမှာတော့ တမီလ်းကျားမတွေဟာ နောက်ဆုံးပေါ် ခေတ်မီ အက်ပဲလ် ကွန်ပျူတာတွေသုံး
ပြီ သက်ဘ်ဆိုက်တွေကို နောက်ဆုံးရသတင်းအချက်အလက် တွေဖြည့်သွင်း အပ်ဒိတ်လုပ်နေကြတယ်။ ဒီ
မိန်းခလေးတွေဟာ ဆံပင်တိုတို သို့ မဟုတ် ကျစ်ဆံမြီးကျစ်ထားကြတယ်။ ရှေ့ တန်းစ်မြေပြင်မှာတော့အစိမ်း
ရောင် ပြောက်ကျားဝတ်စုံတွေ ၀တ်ကြပြီး နောက်တန်း မှာတော့ ဘောင်းဘီအနက်နဲ့ ရှပ်အင်္ကျီ အဖြူတွေ
ဝတ်ကြတယ်။ကျားမတွေဟာ အနေအထိုင်အပြောအဆို ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင်ရှိကြပြီးသီရ
ိလင်္ကာအစိုးရ စစ်တပ်ကိုရည် ညွှန်းတဲ့ အခါမှာ “ရန်သူ” လို့ သုံနှုန်းကြတယ်။ မိန်းခလေး အများစုဟာ အင်္ဂလိပ်
စကား ပြောတတ်တယ်။ကျားမတွေအတွက် သင်တန်းကပြင်းထန်လှပါတယ်။ စစ်သင်တန်း အပြင် တမီလ်း
လူမျိုးရဲ့ သမိုင်း ၊ တမီးကျား အဖွဲ့ ရဲ့ တိုက်ပွဲ တွေ အကြောင်း ၊ “အာဇာနည်တွေ” အကြောင်းသင်ရတယ်။
စစ်ပွဲ ပြင်းထန်နေချိန်မှာတော့ သင်တန်းကျောင်းပိတ်ထားပြီး ရှေ့ တန်းထွက်နိုင်
တဲ့ ရဲမေအားလုံး ရှေ့ တန်းသွားတိုက်ရပါတယ်။ အထူးလက်ရွေးစင် ရွေးချယ်ဖွဲ့ စည်းထားတဲ့
“ကျားနက်” အသေခံဗုံးခွဲရေး တပ်ဖွဲ့ ထဲမှာလည်း နည်းလှတဲ့ အမျိုးသမီး တွေ ပါဝင်နေပြီး ပိုမိုပြင်းထန်တဲ့
စစ်သင်တန်း ။ နိုင်ငံရေးသင်တန်းတွေ တက်ရပါတယ်။
တာမီးလ်ကျားသူပုန်တွေရဲ့  ရေတပ်နဲ့ လေတပ်ဖြစ်တဲ့ “မင်လယ်ကျား” တပ်ဖွဲ့ နဲ ‘’ လေကျား”တပ်ဖွဲ့ တွေထဲမှာလဲ ကျားမတွေ အရေးပါတဲ့ နေရာတွေက ပါဝင်နေကြပါတယ်။
တမီးလ်ကျားသူပုန်ဗဟိုဌာနချုပ်က ကျောင်းဆောင်တွေနဲ့ တခြားအဆောက်အဦး
တွေမှာ သီရီလင်္ကာစစ်တပ်ရဲ့  တိုက်ခိုက်မူ့ ဒါဏ် ချက်တွေ တွေ့ နေရတယ်။
အစိုးရစစ်တပ်က တမီးလ်ကျားတပ်စခန်း တွေကို အမြောက်နဲ့ ပစ်နေတဲ့ အသံတွေကို နေရော ညပါကြားနေရတယ်။တမီးကျား လွတ်မြောက်ဒေသတွေကို အစိုးရက စီးပွားရေး ပိတ်ဆို့ ထားတဲ့ အတွက် လောင်စာဆီဈေးနှုန်းတွေ ၊တခြားအခြေခံကုန်ဈေးနှုန်းတွေဟာ
တနှစ်အတွင်း နှစ်ဆတက်ခဲ့တယ်။
အရင်နှစ် သြဂုတ်လတုံးက အေ၉ အေ၉းပြေးလမ်းမကြိးကို အစိုးရကပိတ် ဆို့ 
လိုက်တဲ့ အတွက် တမီးလ်ကျား ဌာနချုပ် ကီလင်နော့ချီနဲ့  နိုင်ငံ့မြောက်ပိုင်းနယ်မြေ
အများစုကြား အဆက် အသွယ် ပြတ်တောက်သွားခဲ့တယ်။ မိသားစုတွေလဲ တကွဲတပြား ဖြစ်ကုန်တယ်။
ဒါပေမယ် တမီးကျားတွေဟာ သူတို့ လွတ်မြောက်ဒေသထဲမှာတော့ အာဏာအ
ပြည့်အ၀ရှိတယ်။ တရားရုံးတွေ ၊ ရဲဌာနတွေ ၊ အုပ်ချုပ်ရေးတွေချထားတယ်။ တမီးလ်
ခေါင်းဆောင်တွေဟာ မိမိတို့ အထဲက အတိုက်အခံပေါ်လာရင် အင်မတန် လက်သွက်
သွက်ရှင်းထုတ်ပစ်တတ်တာကြောင့် အရပ်သားပြည်သူလူထုတွေကအဖွဲ့အစည်းအပေါ်
တကယ့် သဘောထား အစစ်အမှန်ကို သိနိုင်ဖို့ လက်လှပါတယ်။
သီရိလင်္ကာမြောက်ပိုင်းနဲ့ အရှေ့  ပိုင်က တမီးလ်မိသားစု အများအပြားဟာ စေ
တနာဆန္ဒအလျှောက်သော်လည်ကောင်း ၊ ဇွတ်အတင်းကောက်ခံမှု့ ကြောင့်သော်လည် ကောင်း သားသမီးတယောက်ကို “တော်လှန်ရေး’’ ထဲ ထည့်ကြတယ်။ ဒါပေမဲ့တမီးလ် ကျား အဖွဲ့ နာမည်ကျော်နေတာကတော့ အသေခံ ဗုံးခွဲ မူ့ နည်းဗျူဟာ ကျင့်သုံးပြုမူ ဖြစ်သလို ခလေး စစ်သား အသုံးပြုမူ့ ကြောင့်လည်းနားမည်ပျက်နေပါတယ်။ ဒီနှစ်
ချက်ကြောင့် အမေရိကန် ၊ ဥရောပသမဂ္ဂ ၊ ဗြိတိန် ၊ ကနေဒါ ၊ သြစတြေး လျ စတဲ့ နိုင်ငံက သတ်မှတ်ထားပါတယ်။

ဒါပေမဲ့  တမီလ်းကျားတွေရဲ့  လျှို့ လျှို့ ဝှက်ဝှက်နိုင်လှတဲ့ ခေါင်းဆောင်ကြီး ဗဲလူပီလေး ပရားဘာကာရန်ကတော့ အမျိုးသမီး တပ်မှူးတွေအပါအ၀င် တမီးလ်ကျား
တွေရဲ့ ရာနှုန်းပြည်ထောက်ခံမှူ့ ကိုဆက်လက်ရနေပုံပေါ်ပါတယ်။ တမီးလ်ကျား အမျိုးသ မီး အဖွဲ့ ခေါင်းဆောင် အက်စ်သာမီလီနီကတော့ နိုင်တကာ အသိုင်းအ၀ိုင်းဟာ အမြင်
သွေလွဲ နေတယ်လို့ ပြေပါတယ်။ ကျားမတို့ က သီရိလင်္ကာ စစ်တပ်ကို တိုက်တာဟာ နိုင်ငံတော့်အကြမ်းဖက်ဝါဒကွဲပြားချက်ကို သဘောပေါက်သင့်တယ်။ ကျမတို့ ဟာ
အကြမ်းဖက်သတွေမဟုတ်ဘူး။ ကျမတို့ က အရပ်သားပစ်မှတ်တွေကို မတိုက်ဘူး လို့ သူမကပြောပါတယ်။
“ကျမတို့ တမီးလ်လူမျိုးက တကမ္ဘာလုံးပြန့် နေတယ်။ တမီးလ်လူမျိုးတွေဟာ အင်မတန်လဲ ဦးနှောက်ကောင်းကြတယ်။ နိုင်ငံတကာရောက်တမီးလ်တွေက ကျမတို့ 
ကိုအကူ အညီအထောက်အပံ့တွေတောက်လျှောက်ပေးနေတာဖြစ်တယ်။ ငွေရေးကြေး ရေးတင်မဟုတ်ဘူးရှင့်။ စိတ်ဓါတ်ရေးရာပဲ”။
ဒီလိုနိုင်ငံတကာရောက် တမီးလ်လူမျိုးတွေ အကူ အညီနဲ့ တမီးလ်ကျားတွေဟာနိုင်ငံခြားမှာ
လေယာဉ်မောင်းပညာ လေယာဉ်အင်ဂျင်နီယာပညာတွေသင် ၊ နိုင်ငဲခြားက လေယာဉ်ဝယ် ၊ တစစီဖြုတ် သီရိလင်္ကာ နိုင်ငံထဲခိုးသွင်း ၊ ပြန်တပ်ဆင်ပြီး ကမ္ဘာမှာ ပထမဆုံး သူပုန်လေတပ် ကိုတည်ဆောက်ခဲ့တာဖြစ်တယ်။
အသက် (၂၁)နှစ်ရှိတဲ့ မလာသီဟာ (၁၉) နှစ်အရွယ်မှာ တမီးလ်ကျားအဖွဲ့ ထဲဝင်ခဲ့ တယ်။ သူမကလဲ အခုလိုအတွေ့ အကြုံ ပြေပြတယ်။
“ရှေ့ တန်မှာ အခက်ဆုံးအခုပ်က တော့ ရန်သူက အမြောက်နဲ့ ပစ်တာကိုရင်ဆိုင်
ရတဲ့အလုပ်ပါ။ ကျမ သူသတ်ခဲ့ဖူးပါပြီ။ ရန်သူကိုသတ်လိုက်ရရင် စိတ်ထဲမှာကျေနပ်သွား
တယ်။ ကျမတို့ က အမိမြေအတွက် တိုက်ပွဲဝင်နေတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သမားတွေ ဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ ၀င်သမားနဲ့ အကြမ်းဖက်သမားကွဲပြားချက် ကို နိင်ငံတက
နားလည်ဖို့ လိုတယ်”။
နောက်တန်းမှာတော့ မလာသီရဲ့  အမျိုးသမီးနှလုံးသား ပေါ်ထွက်လာပါတယ်။ “စစ်ဖြစ်ရင် ဒုက်ခအရောက်ဆုံးက အမျိုးသမီးတွေနဲ့ ကလေးတွေဘဲရှင့်။ အဲ့ဒါကြောင့်
အမျိုးသမီးတွေ စစ်သားလုပ်ရင် ပိုထူးချွန်တတ်တယ်။ကျမကတော့ တော်လှန်ရေးပြီး သွားတဲ့ အခါ ၊ တိုင်းပြည်ရတဲ့အခါကျရင် မိခင်ဘ၀ခံယူဖို့ စဉ်းစားမယ်” ။
မလာသီဟာ မိဘတွေနဲ့ မတွေ့ ရတာ အတော်ကြာသွားပြီဖြစ်တယ်။ သူမမိဘ တွေက မြောက်ပိုင်းက ဂျက်ဖနာမှာ ပြည်တွင်းရွှေပြောင်းဒုက်ခသည် ဖြစ်နေတယ်။ အဲဒိ ဒေသကို အခုသီရိလင်္ကာစစ်တပ်က ထိန်းချုပ်ထားပြီး တမီးလ်ကျားဗဟို ဌာနချုပ်ကီလင်
နော့ချီနဲ့  အဆက်ဖြတ်ခံနေရတယ်။ အခုတော့ တမီးလ်ကျားခေါင်းဆောင်ကြီး ဗဲလူးပီ
လေ ပရာဘာကာရန်ဟာ မလာသီရဲ့ မိဘသစ် ၊ ဖြစ်နေပါပြီ ။ “သူဟာကျမအတွက် တပ်မူးလဲဖြစ်တယ် ၊ ခေါင်းဆောင်လဲဖြစ်တယ်။ ကျမအတွက်အရာရာ ဖြစ်တယ်” လို့မာလာသီကဆိုပါတယ်။ မလာသီရဲ့ ခံယူချက်ဘယ်လောက်ခိုင်မာသလဲ ၊ အသေခံ ဗုံးခွဲဖို့ အထိစွန့် လွှတ်ဖို့ စဉ်းစားသလားလို့ မေးကြည့်တဲ့အခါ “ခေါင်ဆောင်ကြီးကသာ
ခွင့်ပေးရင် ကျမ ကျားနက်လုပ်မယ်” တဲ့။ တမီးလ် ကျားအမျိုးသမီး အမျိုးသားအားလုံး အတွက် အမြင့်ဆုံးမျှော်မှန်းကြတဲ့ ဆုလာဘ်ကတော့ အသခေံဗုံးခွဲ ခရီးမထွက်ခင်မှာ ခေါင်းဆောင်ကြီး ပရာဘာကာရန် နဲ့  ဓါတ်ပုံတွဲရိုက်ခွင့်ရဖို့ ဘဲဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် ခွဲခြားဖိနိပ်မှု ကြီးလှတဲ့  ဟိန္ဒူဘာသာဝင်တွေဖြစ်ပေမဲ့ တမီးလ်ကျားမတွေကတော့ အမျိုးသမီး လွတ်မြောက်ရေးကို သီးသန့် စဉ်းစားပြောဆိုး နေတာ မကြားရပါဘူး။ မိမိလူမျိုး မိမိ ဒေသလွတ်မြောက်ရေးကိုသာ ဦးထိပ်ထားပြီ ရန် သူကိုမီးကုန်ယမ်းကုန်တိုက်ဖို့ သာ ဦးတည်စဉ်းစားနောတတွေ့ ရပါတယ်။
တဖက်မှာတော့ (၂၄) နှစ်ကြာ ပြည်တွင်းစစ်ရဲ့ ဒါဏ်ချက်တွေကိုလည်း တမီးလ်အရက်သားပြည်သူတွေခံနေရပါတယ်။ တမီးလ်ကျာိးဗဟိုဒါနချုပ် အောင်ဇေယျ ဗိမာန်မှာ စစ်ကြောင့် စိတ်ဂယောက်ဂယက်ဖြစ်နေတဲ့ အမျိုးသမီး (၁၀၀) ကျော်ကိုနေရာ ချထားတယ်။ ဒီဌာနဟာ သန့် ရှင်းသပ်ရပ်ပေမဲ့ ခေတ်မှီအသုံးအဆောင်တွေ မရှိပါ။ အမျိုးသမီးတွေကိုတော့ စိတ်ငြိမ်ဆေးပမာဏ များများပေးထားပါတယ်။ တချို့အမျိုးသမီး တွေပြောတာကသူတို့ မိသားစုကနေခွဲထုတ်ထားရတယ်ပြောပါတယ်။ တချို့ ကတော့ပြန် စရာအိမ် ၊ ပြန်စရာမိသားစု မရှိတော့ဘူးလို့ ဆိုပါတယ်။ တချို့ ကလဲသီရိလင်္ကာစစ်တပ်ရဲ့
အမြောက်ဆံ ဗုံးံကလွတ်အောင် ပြေးလာခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်း လူနာအရေအတွက် အကြီးအကျယ်တိုးလာခဲ့တယ်။
ထက်ထက်မြက်မြက်ရှိလှတဲ့ အသက် (၂၁) နှစ်အရွယ် ဂျက်ကာသာကတော့
သီရိလင်္ကာစစ်တပ်က မြောက်ပိုင်းမှာရှိတဲ့ တမီးလ်ကျားမြို့ တော်ဟောင်းဂျက်ဖနာကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်မှာ သူမရဲ့ မိသားစုနဲ့ ကွဲသွားခဲ့တယ်လို့ ပြောတယ်။ “ကျမတို့  ဘယ်တော့ ငြိမ်းချမ်းရေးရနိုင်မလဲ” လို့ မေးပါတယ်။
တော်လှန်ရေးအတွက် အသေခံဖို့ အဆင်သင့်ရှိတဲ့ တမီးလ်ကျားမတွေမရှား ပါးမပြတ်လပ်သေးသလို သီရိလင်္ကာစစ်တပ်ကလည်း မြောက်ပိုင်းမှာ စစ်ဆင်ရေးကြီး လုပ်ဖို့ ပြင်ဆင်နေချိန်မှာ ငြိမ်းချမ်းရေး ရဖို့ ကတော့ ဝေးနေဆဲပါဘဲ။

အယ်လ်ဂျာဇီးယားရာ သတင်းဌာန
Photobucket

အာဏာအပ်နှင်းမည်

နေပြည်တော်တွင်ကျင်းပသည့် ၆၃ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး၌ ပြည်သူ့ထံသို့ အာဏာအပ်နှင်းမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထည့်သွင်းရေးသားခဲ့သည်။
Photobucket
တပ်မတော်နေ့အခမ်းအနားတွင် အလေးပြုခံယူနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
အသက် ၇၅နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသည် ၎င်းတပ်မတော်နေ့အခမ်းအနားတွင် စစ်သား၊ ရဲ နှင့် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀၀ ကျော်ကို ပြောကြားသည့် ၁၅မိနစ်ကြာမိန့်ခွန်း၌ မေလတွင် ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲကျင်းပမည်ဆိုခြင်းနှင့် ရွေးကောက်ပွဲ ပြုလုပ်ပြီးစီးပါက အရပ်သားအစိုးရထံ အာဏာ အပ်နှင်း မည် ဖြစ်ကြောင်း ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ပြည်တွင်းရှိနိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများကို ဖိတ်ကြားသော်လည်း နှစ်စဉ်ဖိတ်ကြားလေ့ရှိသော နိုင်ငံခြားသားသတင်းထောက်များကိုမူ စက်တင်ဘာ အရေးအခင်းကိုအကြောင်းပြု၍ လုံခြုံရေးအရ ဖိတ်ကြားခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီက မြန်မာစစ်အစိုးရအနေနှင့် အင်ဒိုနီးရှား အစိုးရကို စံနမူနာပြု၍ စစ်အစိုးရအုပ်ချုပ်မှုမှ အရပ်သားအစိုးရအုပ်ချုပ်သည့် ပုံစံပြောင်းလဲ၍ အုပ်ချုပ် သွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စင်ကာပူ စထရိတ်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံကို ၁၉၆၆ခုနှစ်ကတည်းက စစ်အာဏာရှင် ဆူဟာတိုက ချုပ်ကိုင်ထားခဲ့ကာ ၎င်းစစ်တပ်မှ အနားယူ၍ အရပ်သားအစိုးရပုံစံပြောင်းလဲ လိုက်သည့် နောက်တွင်လည်း တိုင်းပြည်၏ အဓိကကျသည့် အုပ်ချုပ်ရေးတာဝန်ကို ဆူဟာတိုကသာ အရပ်သားတဦးအဖြစ် ဆက်လက်ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူတဦးဖြစ်သည့် ဦးဌေးအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းသည် စစ်အစိုးရ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့်ကြေညာချက်အတိုင်း ဆန္ဒခံယူပွဲနှင့် ရွေးကောက် ပွဲကို အမှန်တကယ်ကျင်းပမည်ဟု သက်သေထူလိုက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းပြည်ပရှိ ဝေဖန်သူများကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် ၎င်းဆုပ်ကိုင်ထားသော အာဏာကို အရပ်သားဦးသန်းရွှေထံသို့ လွှဲပြောင်းခြင်းသာဖြစ်မည်ဟု သုံးသပ်ကြသည်။

စစ်အစိုးရအနေနှင့် တရားမျှတ၍ လွတ်လပ်သော ဆန္ဒခံယူပွဲကိုကျင်းပမည်ဟု ပြည်ထဲရေးနှင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက နေပြည်တော်၌ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် ပြည်တွင်း သတင်းမီဒီယာများကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိတွင်မူ ရွေးကောက်ပွဲ၌ ထောက်ခံမဲသာထည့်ရန်နှင့် မိမိ၏မိသားစုများကိုထောက်ခံမဲထည့်ရေး အတွက် စည်းရုံးရန် ဝန်ထမ်းများကို ဖိအားပေးခိုင်းစေလျှက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝန်းမှ ကြားသိရသည်။

ထိုကဲ့သို့စည်းရုံးရာတွင် အခြေခံဥပဒေကို ထောက်ခံခြင်းမပြုပါက ရာထူးချသည်အထိအရေးယူမည် ဖြစ်ကြောင်းနှင့် ထောက်ခံမည်ဆိုပါက သင်္ကြန်တွင်းကာလအတွက် ချေးငွေများထုတ်ပေးမည် ဖြစ်ကြောင်း အရာရှိများက လက်အောက်ဝန်ထမ်းများကို ပြောဆိုသည်ဟု ကျန်းမာရေးဝန်ထမ်းတဦးကပြောသည်။

စစ်အစိုးရက တပ်မတော်နေ့အခမ်းအနား ကျင်းပနေသည့် တချိန်တည်းတွင် အဓိကအ တိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော NLD ပါတီက ၆၃ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် ရှိပါတီ ဌာနချုပ်တွင် ကျင်းပလျှက်ရှိသည်။ ယခင်က မတ်လ ၂၇ရက်နေ့ကို တော်လှန်ရေးနေ့ ဟု ခေါ်ဆိုခဲ့ သော်လည်း စစ်အစိုးရက တပ်မတော်နေ့ဟူ၍ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာ၌ ပါဝင်ခဲ့သော သခင်သိန်းဖေ၏ အိမ်တွင်လည်း ဝါရင့်နိုင်ငံရေး သမားဟောင်းကြီးများစု၍ တော်လှန်ရေးနေ့အခမ်းအနားတရပ် ကျင်းပသည်ဟုသိရသည်။

ဝါရင့်နိုင်ငံရေးသမားတဦးလည်းဖြစ်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းတဦးလည်းဖြစ်သူ သခင်ချန်ထွန်းက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမားများအနေနှင့် စစ်အစိုးရ၏ အဖမ်းအဆီးမှ လွတ်မြောက် ရန် ပုန်းခိုနေရသဖြင့် ၎င်းတို့ကျင်းပသော တော်လှန်ရေးနေ့အခမ်းအနားတွင် မပါဝင်နိုင်ကြောင်းပြောကြားသည်။

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ