Wednesday, May 14, 2008

ငါ့ဘ၀ရဲ့ အနာဂတ်


မြန်မာနိုင်ငံသားခလေးတယောက်ရဲ့  ဘ၀ဟာဘယ်လောက်များ မျော်လင့်ချက်တွေ မျော်လင့်ချင်း တွေနဲ့ရှင်သန်နိုင်မှာလဲ သူတို့မှာအနာဂတ် ဆိုတာကောရှိသေးရဲ့ လား မျော်လင့်ချက်တွေ အနာဂတ် တွေမရှိတော့မယ်အတူတူဆိုပြီး မိဘတွေက ကျောင်းတွေကို တ၀က်တပျက်နဲ့ထွက်ခိုင်း တပိုင်းတဆနဲ့ ကျောင်းနုတ်နဲ့ပေါ့
ငါကိုယ်တိုင်ခံစားခဲ့ရတာပဲ ငါတို့မိဘတွေ တွေးတာလဲမမှားပါဘူး ကျောင်းထားလို့  ကျောင်းတတ်တော့ကောဘာထူးမှာလဲ ကျောင်းစရိတ်ကုန်မယ် အချိန်ကုန်မယ် ဒါတွေပဲ အဖတ်တင်မှာပဲ တော်တော်ကြာလာပြန်ပြီ ကျူရှင်ခ တော်တော်ကြာလာပြန်ပြီ ဆရာမ ကိုဘာဝယ်ပေးရမှာတို့ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ မြန်မာပြည်ကအကျင့်စရိုက်လေးတွေပါ ကျောင်းတတ်ပါတယ်ဆိုကာမှ တနှစ်စာ ကျောင်းဝင်ကြေးပေးပြီး တော်ရောပေါ့ မပြီးနိုင်မဆီး နိုင် တော်ကြာပိုက်ဆံ ဘာဖိုးညာဖိုးနဲ့ အမေ့ ထမိန်ပေါင်းပြီးပေးခဲ့ရတဲ့ပိုက်ဆံကလည်းမနည်းတော့ဘူး အခုဟာက ပညာကိုပိုက်ဆံနဲ့ဝယ်နေရသလိုဖြစ်နေပြီ အစိုးရကကောလစာတွေ ပေးမထားဘူးလား ငါတို့ကကော ကျောင်းဝင်ကြေးတွေမပေးထားလို့လား ဘယ်လောက်ပေးပေး ရလေ လိုလေ အိုတ စေ တွေပါပဲ ပိုက်ဆံတွေပေးရ လက်ဆောင်တွေဝယ်ပေးရနဲ့ ပြီးတော့ပညာကိုကောင်းကောင်းသင် ပေးသလားဆိုတော့ မဟုတ် ဆရာမတွေက ကျောင်းသားတွေကို အမြဲတမ်းပြောနေကြစကားမနက် ဖန် လက်ဖက်သုတ်ယူခဲ့နော် ငါအမြဲတမ်းထိထိနေတဲ့စကား နင့်အိမ်က ပြေလည်တယ် နင်ပဲယူခဲ့ဆို တဲ့စကားငါ့နားထဲကထွက်ကိုမထွက်သေးဘူးငါ့အိမ်မှာဘယ်လိုရှာကြံပြီးဝယ်ခဲ့ရ သုတ်ခဲ့ရတယ်ဆို
တာသူတို့မှမသိပဲငါကျွေးတဲ့လက်ဖက်သုတ်ကိုစား ဆရာ/မ တွေဝိုင်းဖွဲ့ပြီးစားလိုက်သောက်လိုက် ရယ်မောလိုက်ကြပေါ့ ငါ့မှာတော့စာသင်ခန်းထောင့်လေးမှာထိုင်ပြီးကျောင်းစာတွေကိုသင်ပြသူမဲ့ တဲ့ဘ၀နဲ့ သူငယ်ချင်းတွေကိုခေါ်ပြီးအဖြေညိခဲ့ကြိမ်ပေါင်းလဲမနည်းပါဘူး ငါ့ထက်ဆိုတာက ငါ့သူ ငယ်ချင်းတွေပဲသူတို့ကဘာမှမပေးနိုင်တော့ အမြဲတမ်းဆူပူကြိမ်းမောင်းခံခဲ့ရပေါ့ ဆရာတွေ ဆရာမ တွေဘယ်လောက်ပဲ အသုံးမကြ ကြပါစေ ငါတို့သူငယ်ချင်းတွေကတော့ တယောက်တည်းမရတဲ့ပုဒ် စာတွေကို တအုပ်ကြီးဝိုင်းစဉ်းစား ကြတာပေါ့ ဒီလိုနဲ့ပညာကိုမပြည့်တပြည့်သင်ကြားမူ့ဘ၀ကနေ ပြီး (၁၀)တန်းဆိုတဲ့ ပထမ ဘ၀ကိုဖြတ်သန်းရတော့တယ် ငါတို့တွေ အသည်းအသန်ဖြေလိုက်ကြ တာပေါ့ ဒါပေမဲ့အောင်လားဆိုတော့ အောင်ဘူး စိတ်မလျော့ကြပါဘူး နောက်တနှစ်အဲ့မှာစတော့ တာပဲ ငါဟာလူပျိုပေါက်စ ပြီးတော့အပြင်ပအသိပညာလေးတွေကလည်း တိုးလာဆိုတော့ဘယ်ခံ တော့မလဲငါဘ၀ရဲ့ နာကြီးချက်တွေကို စပြီးဖေါ်ထုတ်တော့တာပဲ စာမေးပွဲဖြေတဲ့ တနေ့ပေါ့ ငါကို ဆရာမက အနား နားလာပြီးကပ်ပြောတယ် ဟေ့ကျော်လင်းထွန်း နင်စာမေးပွဲအောင်ချင် လားတဲ့ ငါလဲအောင်ချင်တာပေါ့ ဘယ်ပြောကောင်းမလဲတခါတည်းကိုအောင်ချင်တာပေါ့လို့ပြောလိုက်တာ
ဆရာမကဘာပြောတယ်အောင်းမေ့လဲ ပိုက်ဆံနှစ်သောင်းပေးရင် အဖြေစာအုပ်ပေးပြီးကူးချမယ်တဲ့ ဟာပြောရက်လိုက်တာဆရာမရယ် ငါ့မှာဘယ်ကပိုက်ဆံနှစ်သောင်းရှိမှာလဲရှိတော့ကောပေးစရာ လား လက်ဖက်သုတ်တောင်မှ ငါ့အမေ ထမိန်ပေါင်ပြီး ကျွေးလာရတာကို ဒီပိုက်ဆံနှစ်သောင်းတာ ဆိုရင် ငါ့အမေပိုင်တဲ့ ၀ိုင်းလေးနဲ့အိမ်စုတ်လေးကိုရောင်းရင်တောင်ပြည့်မှာမဟုတ်ဘူး ငါထင်နေ တာက ဆရာမပြောမယ်စကားက နင်ကိုကျူရှင်အလကားသင်ပေးမယ် စာမေးပွဲမဖြေခင်လာခဲ့လို့ အောင့်မေ့နေတာ တကယ်တန်းကြားလိုက်ရတဲ့စကားက ပိုက်ဆံနှစ်သောင်းတဲ့ ပေါက်ကွဲပြီပေါ့ မပေးနိုင်ဘူးပေးစရာလည်းမလိုဘူးပေါ့ ထအော်လိုက်တယ် အဲ့ဒိမှဆရာမလည်းရှက်ရှက်နဲ့ငါ့ခေါင်း ကိုလာခေါက်လေရော ဒေါသကထွက်နေပါတယ်ဆိုမှ ခေါင်းကိုလာခေါက်သေးတယ်ဆိုတော့ လူသတ်ချင်စိတ်ပါပေါက်သွားတယ် ဆရာမရဲ့ ပုခုန်း နှစ်ဖက်ကိုကိုင်ကိုင်ပြီး ဆွဲလုပ်စကားပြောလိုက် တယ်နင်တို့လို ပိုက်ဆံပဲမက် ပညာကိုမသင်ပေးချင်တဲ့ဆရာမတွေဘယ်တော့မှငါပိုက်ဆံမပေးဘူး လို့ ဒေါသထွက်ထွက်ပြန်ပြီးဆောင့်တွန်းလိုက်မိတယ် ဆရာမလည်းခွေခွေလေးလဲနေရာကနေထ ပြေးပြီးကျောင်းအုပ်ကြီးနဲ့တိုင်လေတော့တယ် ကျော်လင်းထွန်း ကျမကို ကိုယ်ထိလက်ရောက်စော် ကားပါတယ်ပေါ့ ပြောသွားတာတွေကိုတခုမှမပါသွားဘူး အဲ့ဒိမှာငါ့ကိုကျောင်းအုပ်ကြီးခေါ်ပြီးတွေ့ ပါ တော့တယ် နင်ဆရာမကို ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုဟုတ်သလားတဲ့ ဟုတ်နေတာပဲ ငါလဲမငြင်းဘူး အဲ့ဒိနောက် ငါလဲဆရာမပြောတဲ့စကားတွေကိုပြန်ပြီးပြောပြအုံးမလို့ ပါးစပ်ပြင်ရုံပဲရှိ သေးတယ်နင်းကျောင်းတတ်စရာမလိုတော့ဘူး စာမေးပွဲလဲဖြေစရာမလိုတော့ဘူးတဲ့နင့်လွယ်အိတ်
နင်ယူပြီးအိမ်ပြန်တော့တဲ့ ဟာ ငါ့မှာသေချင်စော်ပါနံသွားတယ် ပြန်ပြီးပြောပြခွင့်လဲမရှိ အယူခံဝင် ခွင့်တောင်မရတော့ပါလား ဆရာမပြောသွားတဲ့စကားတခွန်းသာအတည်ယူလိုက်တဲ့ကျောင်းအုပ် ကြီး နောင်တချိန်အခွင့်ရေးရင်သတ်ပြစ်မယ်လို့ စိတ်ထဲမှာကြိမ်းထားလိုက်တယ် အဲ့ဒိနောက်တော့ ကျောင်းနားက ရဲစခန်းကိုအယူခံမရှိရောက်ရှိသွားလေတော့တယ် ငါအမေလဲစိတ်ပူတာပေါ့ဘာ ဖြစ်တာလဲဆိုပြီးရဲစခန်းကိုလိုက်လာတယ် ငါ့အမေကိုငါအကြိုးအကြောင်းရှင်းပြလိုက်တော့ ဘာတတ်နိုင်မှာလဲငါ့သားရယ်တဲ့ အခုအချုပ်ခန်းထဲကနေပြီးထွက်ရဖို့ကအရေးကြီးပါတယ်တဲ့ ငါ့အမေ မျက်နှာကို ကြည့်ပြီးသနားလိုက်တာ ငါဘာပြန်လုပ်ပေးရမလဲ အဲ့ဒိချိန်မှာ ဒုရဲအုပ်က တရာခံ ကျော်လင်းထွန်းမိဘနဲ့ တွေ့ ချင်တယ်ဆိုလို့ ငါအမေသွားတွေ့လိုက်တယ် သူတို့ တွေဘာ ပြောကြလဲငါမသိဘူး နောက်နေ့တော့ငါပြန်လွတ်လာခဲ့ရတယ် ငါ့အမေငါ့ကိုလာကြိုတယ် ဆရာမ ကိုပြသနာပြန်ရှာမှာကြောက်လို့ တဲ့ ငါလဲငါ့အမေနဲ့အတူရွာကိုပြန်ခဲ့တာပေါ့ အိမ်ကိုပြန်မယ့်လမ်းကို အမေကမပြန်ပဲ ငါ့လက်ကိုဆွဲပြီး ဘကြီးရှိတဲ့ ၀ိုင်းဘက်ကိုခေါ်လာခဲ့တယ် ငါလည်း စဉ်းစားတာပေါ့ ဘာဖြစ်လို့ထူးထူးဆန်းဆန်း ဒီဘက်ကိုခေါ်လာရသလဲ ငါတို့ အိမ်ကိုဘာလိုမပြန်လဲ တောင်စဉ် ရေ မရလျှောက်စဉ်းစားပြီးလိုက်လာတာ ဘကြီးအိမ်ကိုရောက်ပါလေရော အလားလား ဘကြီးအိမ် ရောက်မှနည်းနည်း ရိပ်မိတော့တယ် အမေဘယ်လိုဖြစ်ကုန်တာလဲအမေဘာမှပြန်မပြောဘူးငြိမ် နေတယ် အဲ့မှာ ဘကြီးက၀င်ပြောတော့တယ် အကုသိုလ်ကောင် မင်းကြောင့် ၀ိုင်းနဲ့အိမ်လေးကို ရောင်းလိုက်ရတယ် ပိုက်ဆံမလောက်လို ငါ့တောင်ငါစိုက်ပေးလိုက်ရသေးတယ် မင်းဂျိုမွှေလို့ကွမင်း သိလား ငါ့မှာဘာပြန်ပြောရမှန်မသိလောက်အောင်
အံသြနေတယ်ဘာလို့ဝိုင်းနဲ့အိမ်လေးကိုရောင်း
လိုက်ရတာလဲ ငါ့မှာအရမ်းသိချင်နေတယ် မနေနိုင်တော့ဘူးမေးလိုက်တယ် အမေဘာဖြစ်လို့ရောင်း လိုက်တာလဲဟင်လို့ ငါ့အမေပြောပြတယ် နင်အချုပ်ကလွတ်အောင် ပိုက်ဆံပေးပြီးအာမခံလုပ်ရ တယ်ငါ့သားတဲ့ သြော်ငါသိပြီ ဒုရဲအုပ် ခေါ်ပြီးငါအမေကိုတွေ့တာ ပိုက်ဆံခေါ်တောင်းတာပဲ အဲ့ဒါနဲ့  ဘယ်လောက်လဲအမေ ဘယ်လောက်တောင်မို့ လို့ ဝိုင်းနဲ့အိမ်ကိုရောင်းလိုက်ရတာလဲလို့မေးမိလိုက် တယ် နှစ်သောင်းခွဲတဲ့ ဟာ!!!!!!!!!!!!!!!! ပိုက်ဆံနှစ်သောင်း မပေးနိုင်လို့ ဆရာမနဲ့စကားများဖြစ်တယ် အခုဟာကပိုက်ဆံ နှစ်သောင်းခွဲတောင်ပေးလိုက်ရပါလား ငါ့မှာအံသြလို့ကိုမဆုံးတော့ဘူးအဲ့ဒိထက်
အံသြရာကောင်းတာက ပြသနာဖြစ်ပြီး(၂)နှစ်လောက်အကြာမှာ ငါ့သူငယ်ချင်းတော်တော်များများ ရှတ်ရှား မှာကျောင်းသွားတတ်ခွင့်ရတယ်တဲ့ ဟာဘယ်လိုတွေဖြစ်ကုန်တာလဲသူတို့တွေဆီကိုငါသွား
ပြီးမေးကြည့်တော့ ငါပြသနာဖြစ်နေတဲ့အချိန်မှာသူတို့တွေကပိုက်ဆံနှစ်သောင်းစီပေးလိုက်ကြတယ်
တဲ့ အဲ့ဒါကြောင့်စာမေးပွဲအောင်ပြီး ရှတ်ရှားသွားခွင့်ရတာတဲ့သြော်လောကကြီးရယ်ငါကိုတော်တော်
လှည့်စားခဲ့တာပဲငါစိတ်တွေလေးပြီးသွားချင်ရာကိုသွားနေခဲ့တယ်နေချင်ရာကိုနေနေခဲ့တယ်ငါ့အမေ
လဲငါ့ကိုမတားနိုင်တော့ဘူး ဘာဖြစ်လို့ လဲဆိုတော့ သူကိုယ်တိုင်ကဘကြီးအိမ်မှာကပ်ပြီးနေ နေရလို့ ပဲ အဲ့နောက်တော့ ငါတချိန်ချိန်ကြရင် အခွင့်ရေးများရှိရင်သတ်မယ်လို့ တေးထားခဲ့တဲ့ကျောင်အုပ် ကြီးကိုလည်းမသတ်ဖြစ်ဘူး သင်ပြသူမဲ့ပြီး ပုဒ်စာကိုအဖြေအတူညှိခဲ့တဲ့သူငယ်ချင်းတွေဆီကိုလည်း မရောက်တော့ဘူး ငါ့အမေကိုလည်းငါ ပြန်မလှည့်ကြည့်တော့ဘူး ငါ့ဘ၀ဟာဦးတည်ချက်မဲ့သွားပြီ အဲ့ဒိနောက်တော့ခြေဦးတဲ့ရာလျှောက်လို့နေတော့တယ်
ကျော်လင်းထွန်း

No comments:

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ