Sunday, November 15, 2009

လာဘ်ပေးလာဘ်ယူတို့ ရန်သူ

ရှေးသရောအခါ ဘုရင်တစ်ပါးသည် အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် အလှူကြီးစွာ
ပေးလိုသည့်အတွက် မင်းများကိုဖိတ်ကြား၏။ စားပွဲ သဘင်တည်ခင်းကြွေးမွေးရန်ဟင်းအမျိုးမျိုးကို
စီမံခန့် ခွဲ ၏။ ဟင်းလျှာ
အမျိုးမျိုးရရှိသောလည်း ထိုနေ့ တွင် မိုးသက်လေပြင်းကျရောက်သောကြောင့် တံငါသည်များ ငါးမရနိုင် ငါးဟင်း
တမည်လိုနေ၏။
ငါးဟင်းလိုသဖြင့် စိတ်မသာမယာရှိနေစဉ် ခပ်လှမ်းလှမ်းမှ ငါးကိုထမ်းပြီးဝင်လာသောတံငါသည်တစ်ယောက်ကို
ဘုရင်သည်မြင်တော်မူ၏ ။ ဘုရင်လည်း ဝမ်းမြောက်တော်မူသဖြင့် မင်းချင်းတစ်ယောက်ကို စေပြီး တံငါသည်ကို
ရှေ့ တော်သို့ အမြန်ဝင်စေ၏ ။ ရှေ့ တော်၌ တံငါသည်ခစားမိသောအခါ ဘုရင်က အချင်းတံငါသည် တော်ပေစွ ။
ငါ၏စားပွဲတော်၌အမဲမျိုးစုံပါလျှက်တစ်မည်လိုနေသည်။ ငါ့အလိုကိုဖြည့်သောသင်သည် ငါးအဖိုး ကို လိုသလောက်
တောင်းလော့ဟု မိန်တော်မူ၏ ။ တံငါသည်လည်း အရှင်မင်းကြီး ကျွန်တော်မျိုးသည် ဤငါးဖိုးအဖြစ် ရွှေငွေဥစ္စာ
ကျေးရွာတို့ ကိုမလိုပါ ။ ကျွန်တော်မျိုး၏ ကျောပြင်ကို ကြိမ်ဒါဏ်အချက်ငါးဆယ်သာ ပေးတော်မူပါဟု ရဲ့ ဝံစွာ လျှောက်ထား၏ ။ ဘုရင်လည်း အချင်းတံငါသည် ပြင်၍တင်လျှောက်ဦးလော့ဟုမိန့် တော်မူ၏ ။ တံငါသည်လည်း သုံးကြိမ်စေ့အောင် တင်လျှောက်သဖြင့် ဘုရင်သည်များစွာအံ့သြလျှက်တံငါသည်အား ကြိမ်ဒါဏ်အချက်ငါးဆယ် ကိုညင်သာစွာရိုက်၍ ငါးဖိုးပေးစေဟု အမိန်ချတော်မူ၏ ။ မင်းချင်းတို့ လည်း မကြုံစဖူး ဤလူထူးကို ရူးသည်ဟု ဆိုရမည်လည်း အခက် ငါးဖိုး အတွက်ကြိဒဏ်အချက်ငါးဆယ်ကို တောင်းသဖြင့် လူကောင်းဟုလည်းမဆိုသာဟု အချင်းချင်းပြောဆိုရယ်မောကြလျှက်တံငါသည်ကိုညင်သာစွာရိုက်ကြလေ၏ ။ နှစ်ဆယ်ငါးချက်ပြည့်သောအခါ တံငါသည်က ရပ်ပါဦး ရပ်ပါဦး ။ ကျွန်တော်၌ ကုန်ဖက်တစ်ယောက်ရှိပါသေးသည် ။ ငါးဖိုး၏တစ်ဝက်ကို ကျွန် တော်၏ကုန်ဖက်လည်းဆိုင်သောကြောင့် ကြွင်းသော အချက်အစိတ်ကို ထိုသူအားပေးပါလော့ဟုဆို၏ ။
ထိုစကားကိုကြားလျှင် မင်းချင်းတို့ လည်းမဖွယ်မရာ ဤကမ္ဘာ၌ သင်ကဲ့သို့ မိုက်သောသူကာ တစ်ယောက်သာရှိ လိမ့်မည်ဟု အံသြရယ်မော့ကြလျှက် ထိုအကြောင်းကို မင်းကြီးအားတင်လျှောက်ကြလေ၏ ။
မင်းကြီးလည်း အချင်းတံငါသည် သင့်မှာကုန်ဖက်ပင် ရှိချေသေးသည်တကား။ သင်၏ကုန်ဖက်ကား အသူနည်း ။ ဘယ်ကဲ့သို့ ဖက်စပ်ခဲ့ကြသနည်း ။ မခြွင်းမချန် ငါ့အားတင်လျှောက်လော့ဟုမိန်ဆို၏ ။ ထိုအခါတံငါသည်က အရှင်မင်းကြီး အရှင်မင်း ကြီးရဲ့ စားပွဲတော်၌အမဲမျိုးစုံပါလျှက်ငါးတစ်မည်လိုနေသဖြင့်ထိုးငါးကိုကိုယ်တိုင်ဝင် ရောက်ဆက်သလိုသောကြောင့်တံခါးမူးထံ အကြိမ်ကြိမ်အခွင်တောင်းရာ တံခါးမူးက ကျွန်တော်မျိုးသည် ငါးဖိုး အတွက်ခုလာဘ်များစွာရမည်ဖြစ်၍ ငါးဖိုး၏ထက်ဝက်ကိုသူ့ အားပေးမည်ဟုကတိထားမှခွင့်ပြုမည်ဆို၍ ကျွန် တော်မျိုးကတိထားခဲ့ပါသည် ။ ထို့ ကြောင့်ကြွင်းသောကြိမ်ဒဏ်အစိတ်ကို အမြန်ခွဲဝေပေးသနားတော်မူပါဟု တင်လျှောက်လေ၏ ။ ထိုသို့ တံငါသည်က အကြောင်းအရာအလုံးစုံကို အကုန်အစင်း တင်လျှောက်သောအခါ မှတံငါသည်၏အကြံဥာဏ်စိတ်ကူးကို မင်းမူးမတ်ပရိတ်သတ်တို့ သိကြသဖြင့်တံငါသည်ကိုများစွာ အံ့သြချီးမွမ်း ကြလေလေ၏ ။ ထိုအခါ မင်းကြီးက အချင်းတို့ တံငါသည်လူထူး၏ ကုန်ဖက်ငါ၏တံငါးမှူးအား ငါးဖိုး ၏ထက်ဝက် ဖြစ်သောပြင်းထန်သည့်ကြိမ်ဒဏ်အချက်အစိတ်ကိုပေးကြပြီးနောက်ရာထူးမှချလေဟုအမိန်တော်မှတ်၏ ။ ဤတံငါသည်ကား ငါ၏တံငါးမှူးလာဘ်စားသည်ကိုရွေနားတော်ပေါက်ကြားအောင် ကြံဖန်လျှက်ရဲ ရင့်စွာ တင် လျှောက်ဝံ့ပေသည်။ မင်းမူ့ ထမ်းစေရသော်ကောင်၏ဟု ကြံ၍တံငါသည်ကိုထိုသူ၏နေရာ၌တံခါးမူးအဖြစ်ခန့်  တော်မူလေ၏ ။ စတုတ္ထတန်းစာအုပ်မှပြန်လည်ဖော်ပြသည်

1 comment:

စည်သူ said...

အင်း..
တစ်မျိုးလေးပဲဗျာ..

အားလုံးကသိပြီးသား ဖြစ်ပေမယ့် စိတ်ထဲတစ်မျိုး ဖြစ်သွားတယ်.. ငယ်ဘဝကို လွမ်းသွားတယ်

ငယ်ဘဝကို မျက်စိထဲ ပြန်ဝင်လာတယ်..
မူလတန်းဘဝကို ပြန်ရာက်သွားသလိုပါပဲ..

တံငါသည်ရဲ့.. ဉဏ်ကောင်းပုံကို အတူယူသင့်တယ်ဗျာ..

ပျော်ရွှင်ပါစေဗျာ
စည်သူ။

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ