Tuesday, June 10, 2008

လူရွှင်တော်ဇာဂနာဖမ်းဆီးမှု ကုလသမဂ္ဂစိုးရိမ

မြန်မာပြည်ဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ်က လူရွင်တော် ဇာဂနာကို အကြောင်းပြချက် မပေးဘဲ စစ်အစိုးရကထိန်းသိမ်းဖမ်းဆီးထားသည်နှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်မိကြောင်း ပြောဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေလေ့လာရေးကောင်စီ၏ အထူးကိုယ်စားလှယ်သစ် မစ္စတာ Tomas Ojea Quintana က “အခုချိန်အထိ သူ့ကိုဘယ်မှာ ဖမ်းထားတယ် ဆိုတာ မသိရသေးတာကြောင့် ကျနော်အနေနဲ့ အလွန်စိုးရိမ်ပါတယ်” ဟု သတင်းဌာနများကို ပြောသည်။

ကိုဇာဂနာအား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ဖမ်းထားသည်ကို စစ်အစိုးရက ရှင်းပြပေးရန် ၎င်းက တောင်းဆိုထားသည်။

မစ္စတာ Tomas Ojea Quintana သည် မစ္စတာပီညဲရိုး၏တာဝန်ကို လွှဲပြောင်းယူအပြီး ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေကို လေ့လာစုံစမ်းရန် စာမျက်နှာ ၁၆မျက်နှာ ပါသည့် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည်။

၎င်းအစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်း သားများကို ပြန်လွှတ်ပေးရန် အစရှိသည့်အချက်များကို တောင်းဆိုထားသော်လည်း လူရွှင်တော်ဇာဂနာအဖမ်းခံရသည့် အကြောင်းအရာ မပါဝင်ခဲ့ကြောင်း အေပီသတင်းတရပ်တွင် ဖော်ပြထားသည်။

ကိုဇာဂနာ၏ မိသားစုဝင်တဦးက “အခုချိန်ထိဘာအကြောင်းမှမသိရသေးဘူး။ ဖမ်းတုန်းကလည်း ဘာကြောင့်ဖမ်းတယ် ဆိုတာ ပြောမသွားဘူး” ဟု ဧရာဝတီကို ပြောသည်။

အာဏာပိုင်များက ကိုဇာဂနာ၏ မိသားစုဝင်များကို ပြည်ပမီဒီယာများနှင့် အင်တာဗျူးမလုပ်ရန်၊ ပြုလုပ်ပါက ဖမ်းဆီးနိုင် ကြောင်း ခြိမ်းခြောက်ပြောဆိုကြောင်းလည်း သိရသည်။

သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းမှုများကြောင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ကိုဇာဂနာ၏ မိဘများနေအိမ်ရှိ တယ်လီဖုန်းလိုင်းကိုလည်း ယမန်နေ့ကစ၍ အာဏာပိုင်တို့က ဖြတ်တောက်ထားကြောင်း သိရသည်။

လူရွှင်တော် ဇာဂနာကို ယခုလ ၄ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် အာဏာပိုင်များက ဝင်ရောက်ရှာဖွေဖမ်းဆီးစဉ် လေဘေးကယ်ဆယ်ရေးလုပ်ငန်း မှတ်တမ်း ဗီစီဒီဓာတ်ပြား၊ ရမ်ဘို အပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသောည စီဒီ ဓာတ်ပြား၊ ကွန်ပျူတာ Hard Disk တခု၊ အမေရိကန် ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းဆည်းသွားခဲ့သည်။

ကိုဇာဂနာသည် မေလ ၃ ရက် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၄ ရက်ကြာကစတင်၍ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ကို တခြားသော အနုပညာရှင်ပေါင်းများစွာနှင့် လက်တွဲလုပ်ကိုင်နေသူ ဖြစ်သည်။ မုန်တိုင်းတိုက်ပြီး၍ တလခန့် အကြာတွင် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့နှင့်အတူ လေဘေး ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုပါ ဖမ်းဆီးမခံရမီ အချိန်အထိ ပူးတွဲ လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေးပြက်လုံးများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လူရွှင်တော် ဇာဂနာသည် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ကြိမ်ဖန် များစွာခံခဲ့ရသည့်အပြင် အနုပညာလုပ်ငန်းများလုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၆ ခုနှစ် မေလကတည်းက အကန့်အသတ်မရှိ အပိတ်ခံထားရသူ ဖြစ်သည်။
မှတ်ချက်။ ။ ဧရာဝတီ

Photobucket

Thursday, June 5, 2008

လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ


နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊
အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။

အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။

လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။

ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။

ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။ ခေတ်ပြိုင်ဂျာနယ်မှဖေါ်ပြသည်

Photobucket

Friday, May 30, 2008

အသဲကွဲ မြို့  တော်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒါဏ် တစ်နှစ်ခွဲ

သင်တန်းဘယ်သူသွားမလဲ “ဟေ့” လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာနက စ
ခန်း မှူးအော်လိုက်တာပါ.

“ကျွန်တော်သွားမယ် ဆရာ”

“ဟေ့”

ဟုတ်ပါ့မလား ငါ့ကောင်ရမင်း အမေကိုမေးအုံးကွာ တော်တော်ကြာ ငါကလွတ်လိုက်ရင်
ငါမကောင်းဘူးဖြစ်နေအုံး မယ် သွားသွား မင်းအမေကိုသွားတိုင်ပင်လိုက်အုံး။။။။။။။။။။။

ရပါတယ်ဆရာ ကျွန်တော့အမေကို ကျွန်တော်ပြောလို့ ရပါတယ် ကျွန်တော်တို့ လဲ ပိုက်
ဆံလိုနေတာပဲ နောက်နှစ်ကျောင်းတတ်ဖို့ ကျွန်တော်မှာပိုက်မရှိလို့ ပါ အဲ့ဒါကြောင့်ကျွန်
တော့ကိုသွားခွင့်ပြုပါဆရာ ဆရာပေးမယ်ဆိုတဲ့ ပိုက်ဆံ တစ်သောင်က ကျွန်တော်တို့ 
သားအမိ အဖို့ အတော်ကို မက်လောက်စရာဖြစ်နေလို့ ပါဆရာ။။။။။။။။။။။။။။။။။။။။။။။။။။

အေးဒါဆိုလဲ ပြန်ပြောပြလိုက်ပေါ့ နောက်နေ့ ကြရင်ခရီးထွက်ရမယ် မိတ္တထီလာမှာသင်
တန်းတတ်ရမှာ အဲ့မှာကတော့နည်းနည်းပင်ပန်းမယ်။

“ရပါတယ်ဆရာ ကျွန်တော်ကြိုးစားပါ့မယ်”

အေးလေ တားမရတော့လဲ သွားပေါ့ ငါကတော့ပိုက်ဆံပေးမှာအမှန်ပဲ မင်းလဲအဆင်ပြေ
သွားတာပေါ့။

“ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်” “ကျွန်တော့ကို ပြန်ခွင့်ပြုပါအုံးဆရာ” အမေနဲ့ 
သွားတိုင်ပင်လိုက်အုံးမယ်ဆရာ........................................................................

“အေးအေး”

အဲ့လိုနဲ့  ကျွန်တော်လည်း အိမ်ပြန်လမ်းအတိုင်း လျှောက်ပြန်လာခဲ့တယ် လမ်းမှာ ကျွန်တ
ခုစဉ်းစားကြည့်မိတယ် “ငါဘာလို့ သင်တန်းသွားဖို့ တောင်းဆိုလိုက်ရတာလဲ ပြီးတော့ဘာ
ကြောင့်ကတိပေးလိုက်ရတာလဲ”

“အို”

ဘာမှမဖြစ်နိုင်လောက်ပါဘူးလေ ငါသင်တန်းသွားရင်ပိုက်ဆံရမှာပဲ တစ်သောင်းခွဲတောင်
ရမှာ ငါတို့ မိသားစုမှာ တစ်ခါမှ မမြင်ဘူးတဲ့ ငွေတစ်သောင်းခွဲကို မြင်ရတော့မှာပဲလေ ငါ့
အမေလဲပျော်မှာပါ...............................................................................................

အဲ့လိုနဲ့ ကျွန်တော်လည်း အိမ်နားပြန်ရောက်ခဲ့တယ်...................................................
“အမေ ရေ အမေ” အမေဘယ်နားမှာလဲ ဒီကိုလာပါအုံး သားပြောစရာရှိလို့ ..................

“ဟဲ့သား ဘာဖြစ်လာရတာတုံး အမေ့ကိုပြောစမ်း အမေရင်တွေတုံလိုက်တာ သားရယ်”
ဘာမှမဖြစ်ပါဘူး အမေရ သားပြောစရာရှိလို့  အမေ့ကိုလှမ်းခေါ်လိုက်တာ~~~~~~~~

ပြောစမ်းပါသားရဲ့  အမေသိချင်လှပြီဘာတွေဖြစ်လို့ တုံး အမေ့ကို ရောဂါတိုးအောင်တော့
မလုပ်ပါနဲ့ သားရယ်~~~“မလုပ်ပါဘူး အမေရ” ဒီလိုပါ စခန်းမှူးကပြောလိုက်တယ်သား

သင်တန်းသွားရမယ်တဲ့ပိုက်ဆံတစ်သောင်းခွဲတောင်ရမှာ အမေရ ဘာမှလဲ မကြာဘူးတဲ့
“သားသွားမယ်နော် အမေ” ငါ့သားစဉ်စားပါအုံး ဘယ်နေရာလဲဆိုတာ အမေသိတယ်

သား လူကြီးတွေတောင် မသွားချင်လို့  လုပ်နေကြတာ ငါ့သားကသွားမယ်ဆိုတော့ဖြစ်နိုင်
ပါ့မလား သားရယ်။ “ရပါတယ် အမေရ” သားနေတတ်ပါတယ် သိပ့်မှ မကြာတာ သုံးလေး

လပဲတဲ့ “ဘယ်ကလာ သုံးလေးလလဲ” နှစ်နဲ့ ချီပြီးကြာတာသားရဲ့  အဲ့ဒါတွေ မင်းမသိပဲဘာ
သွားလုပ်မှာလဲ သွားမနေပါနဲ့ သားရယ်~~~~~~~~~~~~~~~~~~~~~~~~~~~~

အမေရယ် သွားပါရစေ သားတို့ မှာ ပိုက်ဆံတစ်သောင်းဆိုတာ တခါမှကို မမြင်ခဲ့ဘူးတာေ
လ ဒီတစ်ခါတော့ သွားခွင့်ပြုပါအမေ “အမေလဲ ပိုက်ဆံသုံးရတာပေါ့” သားကြိုးစားပါ့မယ်

“အမေကတော့ ပိုက်ဆံကို မလိုချင်ဘူး ဒါပေမဲ့ တားမရလဲ လွတ်ပေးရမှာပေါ့ မင်းကင်္ယျေား
လေးပဲ ငါဘယ်တားလို့  ရမလဲ ကိုယ်ဟာကိုတာ ကြည့်နေပေါ့ ဘုရားတရားလဲ မမေ့နဲ့ ရတ

နာသုံးပါကို အမြဲ ဆည်းကပ် အဲ့ဒါဆိုရင်တော့ မင်းဘေးမရောက်နိုင်ပါဘူး~~~~~~~~~~
“သားနားထောင်ပါ့မယ် အမေ သားကိုသွားခွင့်ပြုရင်ပဲ ကျေးဇူးတင်လှပါပြီ” သားကိုပစ္စည်း
တွေထဲ့ထားပေးအုံး အမေ သားသူငယ်ချင်းတွေသွား နုတ်ဆက်လိုက်အုံးမယ် အမေ။။။။။။။။။

“အေးအေး အမေ ကြည့်ထဲ့ထားလိုက်မယ် မင်းဘယ်နေ့ သွားမှာလဲ”
“မနက်ဖန် သွားမယ်အမေ” “အေးလေ အမေကြည့်ထဲ့ထားလိုက်ပါမယ်”

“ဒါဆိုသားသွားအုံးမယ်အမေ”
“အေးအေး”

ဆက်ရန်ရှိသည် ဘယ်အချိန်လဲတော့ တိဘူး :P


Photobucket

Wednesday, May 14, 2008

လူပေါင်းမှားသွားလို့ 

ကျွန်တော်ဟာငယ်ငယ်ကလေး ကတည်းက အဖိုးတွေ အဖွားတွေနဲ့ နေခဲ့တာပါ အသက်ပြည့်လို
့ကျောင်းသွားရပြန်တော့လဲသူတို့ ပဲကျောင်းအပ်ကျောင်းကြိုကျောင်းပို့လုပ်ခဲ့တာ~~~~~~~~~

တနေ့ တနေ့ ဆုံးမလိုက်တာလဲမပြောနေနဲ့ တော့ နားကိုမဆံ့တော့တာ သူများပစ္စည်းမခိုးရ-ရန်မ
ဖြစ်ရ ဘုရားတရားလဲမမေ့နဲ့ ပေါ့ သူများကိုလဲသွားပြီး အနာတရဖြစ်အောင် ထိခိုက်အောင်မလုပ်
ရဒါတွေနဲ့ ပဲ နေ့ စဉ်နဲ့ အမျှဆုံးမနေတာ ကြာလာတော့ ဆုံးမတာမထင်တော့ဘူး ဒီအဖိုကြီးအဖွား

ကြီးလေ အလကားရတိုင်းပြောနေတယ်ဆိုပြီးစိတ်ထဲမှာခံစားလာရတယ် :P ဘယ်လိုထင်ထင် သူ
တို့ ကတော့ဂရုမစိုက်ရေးချ မစိုက်ပဲ ဆုံးမမြဲဆုံးမနေတာပဲ တဖြေးဖြေးနဲ့ စကားတွေကနားရေဝ

လာတယ် အသက်ကလေးလည်း ဆယ့်လေး ဆယ့်ငါးလောက်လဲရောက်ကော စဉ်စားတတ်လာ
ပြီ သူတို့ ပြောပြနေတာတွေက တကယ်လို အပ်ပါလားဆိုတာကို နားလည်လာတယ်~~~~~~~

ကြော်ငြာဝင်လိုက်အုံးမယ် ကျွန်တော်က ရွာသားဗျ ကျွန်တော်ရှစ်တန်းနှစ်လောက်မှာ သူငယ်ချင်း
တစ်ယောက်ရခဲ့တယ် တော်တော်ကိုခင်ကြတာ ဒါပေမဲ့ စရိုက်ချင်းက မတူဘူး သူကနည်းနည်းစ

ရိုက်ဆိုးတယ် ကိုယ့်ကိုယ်ကြွားတာတော့မဟုတ်ဘူး :P ကျွန်တော့သူငယ်ချင်နဲ့  ညီအကိုလဲခင်
လာရောတစ်ယောက်အကြောင်း တစ်ယောက်ပြောကြမေးကြတာပေါ့ အဲ့ချိန်မှာ ကျွန်တော်သူ့ အ

ကြောင်းသိရတာက သူဟာ ပိုက်ဆံရှိ အသိုင်းဝိုင်းကဆင်းသက်လာပြီး သူ့ အဖေက ဗိုလ်မှူးတစ်
ယောက်ဖြစ်တယ်သူ့ အမေကတော့ ရုံးဝန်ထမ်းတော့ ရုံးဝန်ထမ်းပဲ ဘာရုံးကိုဝန်ထမ်းတာလဲတော

့မမှတ်မိတော့ဘူးကျွန်တော်နဲ့ ခင်လာတဲ့တလျှောက်လုံးမှာသူ့ မှာပိုက်ဆံပြတ်သွားတယ်လို့ မရှိ
ဘူး (၉၀)တန်တွေကို ပလူပျံနေတာပဲ ကျွန်တော့ကိုလဲ အမြဲတမ်းပေးသုံးပါတယ် အမှန်တိုင်းေ

ပြာရရင် သူ့ ကို အားကျမိခဲ့တာ ကျွန်တော်တို့ မှာက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာလေ ဘယ်
ကလာသူ့ လိုသုံးစွဲနိုင်မှာလဲ(၉၀) တန်ကိုင်နိုင်ဖို့ နေသာသာ ပြား(၅၀)တန်ကိုင်ဖို့ ကို အသည်းအ

သန်လုပ်နေရတယ်~~~~တစ်နေ့ တော့ သူ့ ကို အားကျပြီး အိမ်မှာ (အဖိုးနဲ့ အဖွား) မှာ ပိုက်ဆံ
လိမ်တောင်းကြည့်လိုက်တယ်ကျောင်းမှာအလှူလုပ်မှာမို့ လို့ ပိုက်ဆံထဲ့ရမယ် ဘာညာပေါ့ အဖိုး

နဲ့ အဖွားလည်းတကယ်အောက်မေ့ပြီး ငါ့သားဘယ်လောက်တောင်လို လို့ လဲ ပြောလေ မေတို့ 
ရှာကြံပေးပါ့မယ်တဲ့ကျွန်တော်လည်းအဲ့ချိန်မှာသွားပြီးပြေးသတိရလိုက်တာက ကျွန်တော့သူငယ်

ချင်း ပြီးတော့ သူ့ ရဲ့ ကိုးဆယ်တန်ဒါနဲ့ ကျွန်တော်လည်း မပြောရဲ ပြောရဲ နဲ့ ပြောချလိုက်တယ်
(၉၀)လိုပါ၏လို့အဖိုးနဲ့ အဖွားလည်း မျက်လုံးပြူးကုန်တာပေါ့ ဒါပေမဲ့ သူတို့ မျက်လုံးပြူးတာကြာ

ရှည်မပြူးလိုက်ရပါဘူးလင်မယားနှစ်ယောက် တီးတိုး တီးတိုး နဲ့ အခန်းထဲဝင်သွားကြတယ် ဘာ
တွေလုပ်လဲတော့သိဘူး :Pကျွန်တော်လည်း လူငယ်ပီပီ စူးစမ်းဆိုတာကို ခေါင်းစဉ်တပ်ပြီး စပ်စု

ရန်နောက်ကလိုက်ကြည့်လိုက်တယ်အဲ့ဒိမှာစတွေ့ တာပဲ အဘိုးကြီးနဲ့ အဖွားကြီး ကုတ်ချောင်း
ကုတ်ချောင်းနဲ့ စုထားဆောင်းထားတာလေးတွေလိုက်စုနေတာတွေ့ လိုက်ရတယ် ကျွန်တော်လ

ည်းတော်တော်သနားသွားတယ် သနားတော့ကော ဘာတတ်နိုင်တော့မှာလဲ စကားကလွန်သွားပြီ
ကို ကျွန်တော်လည်းဆက်မကြည့်တော့ပဲ ချောင်းနေတဲ့အလုပ်ကိုရပ်အိမ်ရှေ့  မှာသွားထိုင်နေလ

ိုက်တော့တယ်~~~~~~~~~~~~~ခဏလောက်နေတော့လင်မယားနှစ်ယောက်ပြန်ထွက်လာ
ပြီးတစ်ယောက်ကို တစ်ယောက်ကြည့်လို ကျွန်တော့ကို စကားစပြောကြတယ်လူလေးရယ်မေတို့

မှာလဲ ငါ့မြေးတောင်းတဲ့ (၉၀)တော့မရှိဘူး ဒီမှာ အကုန်းလုံးပေါင်းမှ (၄၇) ကျပ်ပဲရှိပါတယ်ကွယ်
ဒါလေးပဲယူပါလို့ သားဆရာမကိုပြောပြပေးပါကွယ်တဲ့ ကျွန်တော်လည်းစိတ်ထဲကြိတ်ပြုံးနေတာ

ပေါ့လက်လည်းပိုက်ဆံဆီကိုအရောက် ပါးစပ်ကလည်းပြောလိုက်သေးတယ် (၄၇)ကျပ်ဆိုတော်
တော်ပြောပြမှရမှာလို့  ပေးပေးကြည့်မယ်မရဘူးဆိုရင်တော့သားလည်း မသိဘူးနော်ဆိုပြီး ပြန်

လို့ တောင် ချိန်းခြောက်လိုက်သေးတယ်~~~~~~အဖိုးနဲ့ အဖွားလည်း “အေးပါကွယ် ရအောင်
သာပြောပေးပါလူးလေရယ်” လူလေးရဲ့ ပညာရေးလဲရှိသေးတော့သူတို့ ကိုကြေနပ်အောင်လုပ်

ပေးရမှာပေါ့ သူတို့ မကြေနပ်လို့ ကျောင်းထုတ်လိုက်ရင်အဖိုးတို့ လိုပဲ လယ်တဲချောင်းထဲမှာ သူ
များခိုင်းတာလုပ်ရမှာဆိုးလို့ ပါကွယ်~~~~~~~~~~~~ကျွန်တော်လည်း အင်းပေါင်း မြောက်

များစွာလုပ်ပြီး ပိုက်ဆံ (၄၇)ကျပ်ကိုယူလိုက်တော့တယ်~~~နောက်နေ့ ကျောင်းသွားတော့
ကျွန်တော့သူငယ်ချင်းနဲ့ ကျောင်းထိပ် ကွမ်းယာဆိုင်မှာတွေ့ တယ် ပိုက်ဆံ(၄၇)ကျပ်ဆိုတာ

ကလဲ တစ်ခါမှ မကိုင်ဘူးတော့ သူငယ်ချင်းကိုဖွင့်ပြောလိုက်တယ်ဘယ်လိုဘယ်ပုံရလာတယ်
ဆိုတာကို ဒီကောင်မမေးတဲ့အပြင် ဆေးလိပ်တောင် သောက်မပျက်ဘူး အဲ့ဒါနဲ့ ကျွန်တော့သူ

ငယ်ချင်းက ဒါဆိုအတော်ပဲငါ့မှာ ပိုက် ငါးဆယ် ပါတယ် ငါတို့ နှစ်ယောက်ကျောင်းပြေးရအော
င်တဲ့ ကျွန်တော်လည်း ရင်တွေတုံနေတာနဲ့ အေးကောင်းသားပဲလစ်စို့ ဆိုပြီး ပြေကြပါလေရော

ကျောင်းတာပြေးတယ် ဘယ်ကိုသွားရမှန်းကျွန်တော်မသိပါ သူငယ်ချင်းခေါ်ရာကိုလိုက်နေရ
တယ် အဲ့နေ့ က သူ့ မှာ ဆိုင်ကယ်ပါတယ် သူမောင်းရာနောက်ကို တကောက်ကောက်လိုက်ေ

နရတယ် ပထမဦးဆုံ ၀င်တာက ခေါင်ရည်ဆိုင် ခက်တည်တည်ပဲ သူကခေါင်ရည်ဆိုင်ထဲမှာဝင်
သွားပြီးသောက်နေတာကျွန်တော်လည်း အပြင်မှာ မစောင့်နေနိုင်တာနဲ့  အထဲကိုလိုက်ဝင်သွား

ပြီးထိုင်စောင့်နေလိုက်တယ် ကိုယ်တော်ချောကတော်တော်ကို ဇိမ်ရနေတာ ကျွန်တော့မှာအံသြ
လို့ ကိုမဆုံးဘူး ကျောင်းသားတစ်ယောက်က ဒီလိုခေါင်ရည် သောက်နေတာ ရောင်းတဲ့လူကလဲ

ရောင်းနေတယ်ဆိုတာကို ကျွန်တော်ထင်ထားတာက ကျောင်းသားခေါင်ရည်မသောက်ရ ဥပဒေ
ရှိတယ်အောင့်မေ့နေတာတော်တော်သောက်နိုင်တဲ့ကောင်ပဲ ဒီလောက်သောက်တာတောင် ဘာမှ

မဖြစ်ဘူးမမူးဘူးသူမှမမူးတာငါလဲသောက်မယ်ဆိုပြီးခေါင်ရည်အချိုတလုံးမှာခိုင်းလိုက်တယ်ပထ
မတစ်ခွက်စမ်းသောက်လိုက်ပြီ “အား”လည်ချောင်းထဲကိုသံရည်ပူလောင်းထဲ့သလိုပဲ ခံလိုက်ရတ

ယ် ကဲဒီလောက်တောင်ဖြစ်လှတာ ဒုတိယ တစ်ခွက်နည်းနည်းတော့လျှောလျှောရှူရှူဝင်သွားတ
ယ်ခေါင်းထဲမှာလဲရစ်သီရစ်သီနဲ့ ဆိုတော့နည်းနည်းနေလို့ ကောင်းသလိုပဲလမ်းလျှောက်ကြည့်တ

ယ်လူကအကောင်ပိုကြီးသွားသလိုပဲပတ်ဝန်းကျင်ကိုနည်းနည်းမေ့လာတယ်စကားပြောရင်လဲအ
ကျယ်ကြီးပြောလာတယ်နောက်ခွက်တွေနောက်ခွက်တွေဆက်သောက်လိုက်တော့ပတ်ဝန်းကျင်

ကိုကျွန်တော်လူမထင်တော့ဘူးကိုယ်ဟာကိုစကားပြောချင်သလိုပြော အကျယ်ကြီးလဲအော်ချင်
အော်နေတာကြာလာတော့သူငယ်ချင်လုပ်သူလဲ နောက်တနေရာဆက်ချင်တယ်နဲ့ တူပါတယ်ကျ

န်နေတဲ့ လက်ကျန်လေးကိုအကုန်ဖြတ်လိုက်ပြီး “ကဲရှင်းမယ်ဟေ့” ဆိုပြီး ပိုက်ဆံရှင်းလိုက်တယ်
ကဲမောင်ကျောင်းပြေးနောက်တနေရာဆက်ပြန်ပြီးဘယ်ကိုလဲတော့မသိဘူးသူငယ်ချင်းတွဲခေါ်ရာ

ကိုလိုက်ရင်ဆိုင်ကယ်ပေါ်တတ်လိုက်တယ်ကျွန်တော်တော်တော်မူးနေပြီမခံနိုင်တော့ဘူး“ငါတော်
တော်မူးနေပြီကွာ” တနေရာရာ ပို့ ပေးပါ ငါအိပ်ချင်နေပြီအဲ့နောက်တော့သူငယ်ချင်လဲဘယ်ကိုေ

မာင်းလဲမသိတော့ဘူး ဆိုင်းကယ်စီးရင်း လေတိုက်ကိုခံလာလိုက်တာပိုလို့ တောင်မူးသွားတယ်
နောက်တော့ ရပ်ကွက် တခုထဲကို ရောက်သွားတာတော့သိတယ် အဲ့နောက်အိမ်တစ်အိမ်ထဲကို

ဆိုင်ကယ်ဝင်သွားတယ်ဒါတွေသိနေတယ်နောက်ဆုံးခုံတစ်ခုပေါ်မှာကျွန်တော်ရောက်နေပြီး
မှောက်ခုံကြီး ဖြစ်နေရတော့တယ် မျက်လုံးက မဖွင့်နိုင်ဘူး နားကကြားနေရတယ် “တစ်ယော

က်ကို ဘယ်လောက်လဲ” “နှစ်ဆယ်ငါးကျပ်” ဒါဆိုနှစ်ယောက်ယ်မယ်တဲ့ကျွန်တော့သူငယ်ချင်
ပြောနေတာတွေအကုန်ကြားနေရတယ်မိန်းခလေးအသံတွေလဲ ဆူညံနေတယ် ရေမွေးအနံေ

တွကလဲ နာခေါင်းထဲကိုလာကလိနေတယ် အဲ့နောက်တော့မိန်းခလေးတယောက်တွဲပြီးအခန်း
တစ်ခန်းထဲကို တွဲဝင်လာတယ် ကျွန်တော် ပြန်မရုန်းကန်နိုင်ဘူးကျွန်တော့မှာအားအင်တွေမရှိ

တော့ဘူး ထိုမိန်းခလေးသယ်ဆောင်ရာနောက်ကို လိုက်ပါနေခဲ့ရတယ်အဲ့ချိန်မှာကျွန်တော့သူင
ယ်ချင်းလဲဘယ်ရောက်သွားလဲမသိတော့ဘူး သူလဲသတိမရတော့ဘူး“ကျွန်တော်အိမ်မက်တွေ

မက်နေတယ်နာခေါင်းထဲမှာရေမွေးန့ံရယ်အမြင်အာရုံမှာ မိန်းခလေးတစ်ယောက်မှုံဝါးဝါးနဲ့ သူ
ကို ကျွန်တော်တွန်းထုတ်နေမိတယ်ဒါပေမဲ့ ကျွန်တော့လက်တွေလှုပ်မရဘူးအားအင်တွေဘယ်

ရောက်ကုန်ပြီလဲ ကျွန်တော်ထင်တာအိမ်မက်ပဲလေဆိုပြီး အားအင်ကို အတင်းဆုစည်းလိုက်ပြီး
ရုန်းထလိုက်တယ် “ဟာ” အိမ်မက်မဟုတ်ပါလား တကယ့် အဖြစ်အပျက်ဖြစ်နေပါလား ငါဘာ

တွေလျှောက်လုပ်နေတာလဲ ကိုယ့်ကိုယ်ကိုပြန်မေးနေမိတယ် မိန်းခလေးကလဲ ကျွန်တော့ကို
“ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေပါ ပြီးရင် ပြန်ရအုံးမယ်တဲ့” အဲ့ချိန်မှာကျွန်တော်အသိတော်

တော်ဝင်လာပြီကျွန်တော့အဖြစ်အပျက်ကိုထိုမိန်းခလေးအားရှင်းပြလိုက်တော့ မိန်းခလေးလဲ
ဒါဆိုငါ့မောင်အရွယ်ပဲပေါ့ ငါ့မောင်က လူပေါင်းမှားသွားတာပဲ နောက်ဒါမျိုးမဖြစ်အောင် စဉ်စဉ်

ချင်ချင် လုပ်ပေါ့ကွယ်နောက်ဆိုဒီလိုနေရာမျိုးကိုဘယ်တော့မှရောက်မလာစေနဲ့ အမတို့ က
ဝါသနာပါလို့ လုပ်စားနေတာမဟုတ်ဘူးငတ်လို့ လုပ်စားနေကြတာဒါပေမဲ့ ဒီလိုမျိုးရတဲ့ပိုက်ဆံ

ကိုတော့မလိုချင်တော့ဘူးငါ့မောင်အဖွားတွေစီကတောင်းလာတဲ့ပိုက်ဆံအမပြန်ဆိုက်ပေးလိုက်
မယ်မနက်ကြရင် ပြန်ပေးလိုက်ကြားလားဆိုပြီး ဆုံးမနေတယ် ကျွန်တော်ဘာပြန်တေပြာရမလဲ

ဘာမှလဲပြန်မပြောနိုင်တော့ဘူး အဲ့ဒါနဲ့ မျက်နှာသွားသစ် နာရီကိုကြည့်လိုက်တော့ မနက် ငါးနာ
ရီထိုးနေပြီ မျက်နှာသစ်ပြီးပြန်လာတော့ဘယ်အချိန်က ဘယ်လိုသွားယူလိုက်လဲမသိဘူး ကော်

ဖီတခွက် မိန်းခလေးလှမ်းပေးတဲ့ကော်ဖီကိုသောက်ရင်း မနက်ဖြန် မိုးလင်းလို့ တွေ့ ရမယ့် အဖိုး
နဲ့ အဖွားရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရမလဲစဉ်းစားရင်~~~~~~~~~~~~~~~~~~~~~

Photobucket

သေမင်းခေါ်နေပြီဗျို့ 
















Photobucket

အမှားနဲ့  အမှန်

ကျွန်တော်အခုလွယ်ထားတဲ့လွယ်အိတ်ကို လွယ်ပြီး မြန်မာပြည်မှာ
လွတ်လွတ်လပ်လပ်သွားချင်တယ်လို့ ပဲပြောချင်တယ် အမှန် နဲ့ 
အမှား ဟာခြစ်ချလိုက်တာလွယ်ပေမဲ့ ဖြစ်လာမဲ့ ဆိုးကျိုတွေကို
စဉ်းစားသင်တယ် ကဲလူတွေ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ပါစေဗျာ
မှားမခြစ်မိဖို့ တော့ဆုတောင်းလိုက်ပါတယ်.....................



ကျွန်တော်ကတော့ဘာမှ မပြောချင်တော့ဘူးဗျာ ဒါပဲလို့ ပဲပြလိုက်ချင်တော့တယ်













Photobucket

ကျွန်တော်တို့ သေလွန်ခဲ့သော်

ကျွန်တော်တို့ သေလွန်ခဲ့သော် ပြီးခဲ့တဲ့ အတိတ်ဘ၀ကို ပြန်သတိရမှာ စိုးလို့  မေ့ပင်လို့ ခေါ်တဲ့

အပင်အောက်က ဖြတ်ရတယ်လို့  ကြားဘူးတယ် !ဟုတ်လားတော့မသိဘူးလူကြီးသူမတွေပြောတာကြားဘူးထားတာ !
ကဲအဲ့ဒါဆို ကျွန်တော်တို့  တတွေ သေလွန်ခဲ့ကြပြီလား မေ့ပင်အောက်ကိုကော ဖြတ်ခဲ့ကြပြီလား ကျွန်တော်တို့ 
တတွေ အတိတ်ကို သတိမရနိုင်တော့ဘူး အတိတ်မှာ ဘာတွေဖြစ်နေပြီလဲ “ဘာမှမသိချင်ဘူး!” ပစ္စုပ္ပန်မှာပဲပျော်တယ်

အခုချိန်မှာ ကားတွေစီးရတယ် အစားကောင်းတွေစားရတယ် နေစရာအိမ်တွေ ကောင်းကောင်းရှိနေတယ် အတိတ်ဆို
ဆိုတာ ငါတို့ မှာ မရှိ ! နွားရဲ့  နဖားကြိုးကိုင်တဲ့လက်က ကားရဲ့ စီယာရင်ကို ကိုင်နေရမှတော့ ဘယ်သတိရတော့မလဲ
အတိတ်ကို။

ဒါဆိုသေချာတယ် ငါတို့ တွေ သေလွန်ခဲ့ကြပြီပဲ “ဟာ” အဲ့ဒါဆိုမေ့ပင်အောက်ကိုဖြတ်ခဲ့ပြီပေါ့ မဟုတ်သေးပါဘူး
မေ့ပင်အောက်ကို ဖြတ်ခဲ့မယ် သေလွန်ခဲ့ကြမယ်ဆိုရင် အခုဖြစ်နေတဲ့ ပစ္စုပ္ပန်ရဲ့  အကြောင်းတွေကို ဘယ်လိုလုပ်သိ
နိုင်မှာလဲ မုန်တိုင်းဝင်လို့  လူတွေသေကြေပျက်စီတာကိုကော ဘယ်သိနိုင်မလဲ ငါအခုလိုစာထဲထည့်ရေး နိုင်တယ်
ဆိုကတည်းက ငါမသေသေလို့ ပေါ့ မေ့ပင်အောက်ကိုလည်းမဖြတ်ရသေးဘူးကို။

“တော်ပါသေးရဲ့  ငါသေလွန်ခဲ့ပြီအောက်မေ့နေတာ” မသေသေးဘူး အတိတ်ကိုလလဲ မမေ့သေးဘူးဆိုရင် အခု
ဖြစ်ပျက်နေတဲ့မြန်မာပြည်ကတကယ်ပဲပေါ့ ဒါဆိုငါကလူထဲက လူတယောက်ပဲ လူသားချင်းစာနာတဲ့ အနေနဲ့  ကူညီ
သင့်တာပေါ့ ။

( လူတယောက်က ကျွန်တော့ကို ပြောဘူးတယ် အလှူခံနေမဲ့ အစား ရှိတာလေးကို ရောင်းပြီး လှူလိုက်တာက ပို
ပြီးဒါနမြောက်ပါတယ်တဲ့)

ဒါဆို ကျွန်တော်လည်းရှိတာလေး ရောင်းပြီးသာဓုခေါ်လိုက်တော့မယ်ဗျာ အားလုံးလဲ ကျွန်တော်လို သာဓုခေါ်နိုင်
ကြပါစေဗျာ။

ကျွန်တော် တခုပြောပြချင်တာက မြန်မာပြည်သားမဟုတ်တဲ့ တရုတ်မ (ကျွန်တော်ဆရာမပေါ့) ကတောင် စိတ်ဝင်
စားပြီးနင်တို့ နင်တို့ နိုင်ငံအတွက် တခုခုလုပ်ပေးသင့်တယ်လို့ ပြောကြားလာတော့ ကျွန်တော့စိတ်ထဲမှာ အရမ်းကို

ဖီးလ်ဖြစ်မိတယ်ဗျာ။ သူကိုယ်တိုင်ကလည်း ဦးဆောင်ပြီး အလှူခံပေးနေတယ် အဲ့တော့ဘယ်နေနိုင်တော့မလဲ ကိုယ်
လဲပါရပြီပေါ့ အလှူငွေအရင်ထဲ့ နားလည်အောင်ရှင်းပြပေါ့ အဲ့လိုနဲ့ လုပ်လိုက်ရတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီးပြော

ချင်တာက တခြားလူမျိုးတွေတောင် စိတ်ဝင်စားပြီ အားကျိုးမာန်တတ်လုပ်ပေးနေတာ ကျွန်တော်တို့ လို မြန်မာနိုင်
ငံသားဖြစ်တဲ့လူတွေက ဘာလို့ မလုပ်ကြရမှာလဲ။ အခုဆိုလူတွေ မရေမတွက်နိုင်လောက်အောင်သေကြေပျက်စီးနေ

တာကို အုပ်ချုပ်နေတဲ့ (နအဖ) စစ်အုပ်စုကကော စာရင် အတိအကျပြနိုင်လို့ လား သူတို့ အားခဲထားတဲ့ မေ (၁၀)
နောက်ဆုတ်ပြီး ပြည်သူလူထု ကို ပြန်ကြည့်နေခဲ့လား မေ (၁၀) ကိုလဲနောက်မဆုတ် ဒုက္ခရောက်နေတဲ့ ပြည်သူလူ

ထုကိုလဲပြန်လှည့်မကြည့် “ပြန်လှည့်မကြည့်တဲ့အပြင် သောက်ရေရှားလို့ ရေလာခပ်တဲ့ လူတွေစီကတောင် လူစုပြီး
မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေကြတာ ဒါသူတို့ ရဲ့  လုပ်ရပ်ကောင်းလား။

စစ်အုပ်စုကိုလဲ မကောင်းဘူးလို့ မပြောပါဘူး ကောင်းတဲ့လူလဲရှိမှာပါ ၀ါးလုံးရှည်နဲ့ တော့ မရမ်းချင်ဘူး
(၁၀)% လောက်တော့ကောင်းမှာပါ သေချာတယ် (၉၀)% ကတော့သောက်သုံးမကြတဲ့ကောင်တွေ လူလူချင်းဦး

နှောက်ဖေါက်စားနေတဲ့ကောင်တွေပဲ ကိုကိုယ်တိုင်က ဦးနှောက်မရှိပဲ မင်းလုပ်အုပ်ချုပ်ပြီး ဘယ်လာတိုးတတ်ပါမ
လဲ ဒီနိုင်ငံဘယ်နားကလာကောင်းနိုင်ပါ့မလဲ မသိမေးလိုက်ချင်တယ် (၁+၁)ဘာရလဲလို့ ။

ဦးနှောက်မရှိဆိုမှတော့ ခေါင်းကဘယ်ကလာရှိတော့မှာလဲ ဒီကောင်တွေခေါင်းမရှိပဲ ပြန်ဖြေမဲ့အဖြေကို ကျွန်တော်
ကြိုသိနေတယ် (၁+၁) က အာဏာနဲ့ ငွေရတယ်လို့ ဖြေကြလိုက်မယ်သေချာပါတယ်ဗျာ။

နောင်တော်တို့ ရယ် ခင်ဗျားတို့ လဲ လူတွေပဲ အသိဥာဏ်လေးတော့ နည်းနည်းရှိကြမှာပါ နောင်တော်တို့ 
သမိုင်းကို နောင်တော်တို့ လှအောင်ရေးကြပါလား။ ရာထူးနဲ့ ငွေလေးပေးပြီး နောင်တော်တို့ ဦးနှောက်ဖောက်စားခံနေ

တော့မှာလား လူပေါ်လူလို မဆက်ခံတဲ့ ဒီကောင်တွေကို နောင်တော်တို့ လဲမြင်နေကြားနေရတာပဲ နောင်တော်တို့ ရာ
ထူးနဲ့ ငွေကိုမက်ပြီးသူများကြိုးဆွဲရာလိက်ကနေအုံးမယ် ဆိုရင်လူသက်တန်း (၇၅) အများဆုံးပါ အကယ်လို့ များ နောင်

တော်တို့ သေလွန်ခဲ့သော် အသေဖြောင့်ကြပါ့မလား ? သေသွားခဲ့ကြရင်ကော အာဇာနည်သူရဲကောင်းတွေရဲ့ ဝိဥာဉ်
နဲ့ ဘယ်လိုမျက်နှာပြကြမလဲ ကမ္ဘာမကြေလို့  ၀ိဥာဉ်တွေ တွေကစောင့်နေကြတယ် နောင်တော်တို့ ရာထူးနဲ့ ဂုဏ်လေး

ကိုဘေးနားမှာ တစက္ကန့်လောက် ချပြီး လူ့ လောကကြီးထဲကို မျက်စိလေးဖွင်ပြီးကြည့်လိုက်ကြပါဗျာ ဘာတွေဖြစ်နေလဲ
ဆိုတာ နောင်တော်တို့ တွေကြပါလိမ့်မယ် အမှန်တရားကို မြင်လာကြပါလိမ့်မယ် အမှားတစ်ရာလုပ်ခဲ့တာ အပြစ်မဟုတ်
ပါဘူး အမှားတစ်ရာလုပ်ပြီး အမှန်တရား တခုတွေ့ လာပါစေလို့ ဆုတောင်းလိုက်ပါတယ်နောင်တော်တို့ ရယ်။

Photobucket
 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ