Wednesday, May 14, 2008

သူငယ်ချင်းတို့ ရယ်

သူတို့ တွေငါကိုနုတ်ဆက်လိုက်ကြတယ် မင်းကတော့လွတ်မြောက်သွားလေပြီတဲ့
ငါတကယ်ပဲ စနစ်ဆိုးရဲ့ သားကောင်ဘ၀နေပြီလွတ်မြောက်သွားခဲ့ပြီလား..........
တကယ်တော့ငါမလွတ်မြောက်သေးပါဘူး ငါ့ရဲ့  စိတ်ကိုအကျဉ်းချခံထားရတုံးပါ
ပဲ ဘာဖြစ်လို့ လဲဆိုတော့ မင်းတို့တွေ ငါ့ရဲ့ မိသားစုတွေ ငါတို့ရဲ့ ပြည်သူလူထုတွေ
အားလုံးက စနစ်ဆိုးရဲ့ သားကောင်ဘ၀ကမလွတ်မြောက်ကြသေးလို့ပဲ ငါတို့ တွေ
အတူလက်တွဲကာ အားမာန်တွေစုစည်းကာ စနစ်ဆိုးရဲ့ သားကောင်ဘ၀ကရုန်း
ထွက်ကြရအောင် ငါရဲ့ ဘ၀ကမလွတ်လပ်သေးဘူးဆိုပေမဲ ငါကိုစနစ်ဆိုးကြီက
မချုပ်နှောင်ကြတော့ဘူး.....မင်းတို့ တွေရယ် ငါ့မိသားစုရယ် ငါတို့ ပြည်သူလူထု
ရယ်ကို ငါစိတ်ပူမိတယ် ငါ့မှာတနေ့တနေ့အဲ့ဒိစိတ်နဲ့ပဲလုံးပါးပါးရတော့မယ်......
မင်းတို့ တွေ စနစ်ဆိုးရဲ့ သားကောင်ဘ၀ကမလွတ်မြောက်သရွေ့ ငါစိတ်ပူရအုံး
မယ်....မင်းတို့ အတွက် ငါ့မိသားစုအတွက် ငါ့တို့ ပြည်သူလူထုအတွက်ငါ့မှာလုပ်
စရာတခုပဲရှိတော့တယ် ငါတတ်နိုင်တဲ့ဘက်ကနေပြီးတော့ စနစ်ဆိုးကြီးကိုတိုက်
ထုတ်တော့မယ် တကယ်တော့ငါတို့ တွေဟာ စနစ်ဆိုးရဲ့ လက်အောက်ကရုန်း
ထွက်စရာမလိုပါဘူး စနစ်ဆိုးကိုတာ တိုက်ထုတ်ရမှာ ဘာဖြစ်လို့ လဲဆိုတော့
ငါတို့ မြေ ငါတို့ရဲ့  ရေ ကိုစနစ်ဆိုးကြီးကလက်ဝါးကြီးအုပ်ထားတာပါ အဲ့တော့
အိမ်ရှင်လာရင် ဧည့်သယ်ဖယ်ရမှာပေါ ငါတို့ တွေဟာအိမ်ရှင်တွေပဲ ဖယ်ချင်းဖယ်
ဧည့်သယ်တွေပဲဖယ်ရမှာပေါ .......ကဲစနစ်ဆိုးကြီး ဆိုတဲ့ဧည့်သယ်ကိုဖယ်ခိုင်း
ကြဆို့ လွယ်လွယ်နဲ့မဖယ်ရင် ရတဲ့နည်းနဲ့တောင်းကြဆို့  ငါတို့ တွေပေးဆပ်သင့်
တာပေးဆပ်ရတော့မယ် လုပ်သင့်လုပ်ထိုက်တာလုပ်ရတော့မယ် ငါတို့ တွေခံစား
နေရတာကို ငါတို့လက်ထပ်မှာတင်အပြီးသတ်ပါ ငါတို့ ရဲ့ သားတွေ မြေးအထိလက်
လက်ဆင်မကမ်းကြပါနဲ့ ကိုယ့်တာဝန်ကိုကြေအောင်ထမ်းဆောင်ဖို့လိုအပ်ပါတယ်
ငါတို့ရဲ့ တာဝန်တွေကို (8.8.08)မှာအဆုံးသတ်ကြပါဆို့ ...............................
.............................................................................. ကျော်လင်းထွန်း

ကျွန်တော်တို့ မြန်မာပြည်ခေါ်(ဗမာ)ပြည်မှာ ဒီလိုမျိုးလေးတွေကောရှိသေးရဲ့  လားဒီလိုဓလေ့စရိုက်လေးတွေဟာအရမ်းချစ်ဖို့ကောင်းပါ တယ် ယခုလက်ရှိခေတ်မတိုင်ခင်ကတော့ဒီဓလေ့စရိုက်လေးတွေရှိခဲ့မှာပါအဲ့ဒိဓလေ့စရိုက်ကိုချစ်တယ် အဲ့ဒိခေတ်ကိုပြန်မသွားခြင်တော့ ဘူး ကျွန်တော်တို့ မြန်မာပြည်ကမိန်ခလေးတွေကို အဲ့ဒိလိုဓလေ့စရိုက်လေးရှိစေချင်တယ်။ ဒေါ်အောင်ဆန်စုကြည်ပြောသလိုပဲ ဘာပဲလုပ် လုပ်နိုင်ငံရေးပဲဆိုသလို နိုင်ငံတော်အစိုးရကမှမကောင်းတာ ဓလေ့စရိုက်တွေလည်းဘယ်ကောင်းနိုင်ပါတော့မလဲ ကျွန်တော်တို့ မြန်မာမိန် ခလေးတွေဓလေ့စရိုက်ပြန်ပြီးလှပလာဖို့အဓိကလိုအပ်တာ လက်ရှိစစ်အစိုးရကိုဖြုတ်ချဖို့ပါပဲ........................


မြန်မာပြည်ကြီးရယ်နင့်မှာလည်းဒါဏ်ရာဒါဏ်ချက်တွေကတော်
တော်များနေပြီနော်မြန်မာပြည်ကြီးရယ်တနေ့နေ့နင့်ဆီကိုငါရောက်အောင်ပြန်ခဲ့ပါ့မယ်

နောင်မှဆိုတာနောင်တကလွဲပြီးဘာမှမရှိဘူး လက်ရှိဘ၀မှာမရသေးတာကိုရအောင်
လုပ်ကြရမယ်ပြီးခဲ့တာတွေကိုပြန်မစဉ်းစားနဲ့ မရသေးတာကိုလဲမမျှော်မှန်နဲ့ မရဘူးဆိုတာမ
ရှိဘူး မရသေးတာပဲရှိမယ် ထင်းစည်းတစည်းလိုတညီတညွတ်တည်းရှိကြမယ်ဆိုရင်....
နယူတန်ရဲ့ နိယာမလိုပဲဒဏ်ပြန်ပြီးအကျိုးခံစားကြရမှာပါ........................



(ဘယ်တော့မှ မပြိုကွဲ မပျက်စီး မကျရှုံးပါဘူးဆိုတဲ့ "ရောမမြို့ " ကြီးတောင် ကျရှုံး ပျက်စီးသွားသေးတာပဲ မြန်မာလိုနိုင်ငံလေးကဘာမို့လို့
လဲ တနေ့ခွပ်ဒေါင်းတွေလက်ထဲကို ပြန်ကိုရောက်ရှိစေရမယ်)

No comments:

 
လာရောက်လည်ပတ်သူအပေါင်း
ရွှင်လန်းချမ်းမြေ့ကြပါစေ